Saturday, March 15, 2014

မူဆယ်၊ မိုင်ဖန်ရွာ အုပ်ချုပ်ရေးမှူး သစ်ခိုးထုတ်နေဟု ရွာသားများ စွပ်စွဲ

ဖနိဒါ

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မိုင်ဖန်ကျေးရွာအုပ်စု နမ့်ချက်တောင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင် ၍ တရုတ်သစ်လုပ်ငန်းရှင်များထံ ရောင်းချရန် သစ်ထုတ်လုပ်နေမှုများ ရှိနေသည်ဟု မိုင်ဖန်ကျေးရွာသားများက စွပ်စွဲပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ရီလကုန်ပိုင်းမှစတင်၍ မိုင်ဖန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလမွန်ထွယ်နော်ဦးဆောင် ၍ နမ့်ချက်တောင်ရှိ တောင်ချယ်ရီ သစ်မာများကို ခုတ်ယူ၍ ထုတ်လုပ်ရောင်းချနေမှုကို ဒေသခံများ သဘောမတူ၊ မကျေနပ်ဖြစ်နေသည်ဟု ဒေသခံက ပြောသည်။

“သူတို့အားလုံးညှိပြီးမှ ဒေသခံတွေကို ပြောတော့ ဒေသခံတွေက သဘောမတူဘူး။ ကျွန်တော်က ကန့် ကွက်တယ်”ဟု အဆိုပါဒေသခံက ပြောသည်။

သို့သော် မိုင်ဖန်ကျေးရွာအုပ်စုရှိဒေသခံများ တောင်ယာသွားသည့်ကားလမ်းဖောက်လုပ်ရန်၊ မူကြိုကျောင်း မီးဖိုချောင်နှင့် ကချင်ရိုးရာကွင်း ဆောက်လုပ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းဖြစ်ကြောင်း မိုင်ဖန်ကျေးရွာ အုပ်စုမှ အုပ်ချုပ်ရေးမှူးဦးလမွန်ထွယ်နော်က မဇ္ဈိမကို ပြောသည်။

လက်ရှိ ခုတ်ထားပြီးသောသစ်များမှာ တန် ၃၀၀ ခန့်ရှိနေပြီဟု ခန့်မှန်းနိုင်ပြီး တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးဦးလမွန်ထွယ်နော်က ပြောသည်။

No comments: