Saturday, March 15, 2014

စစ်ဘက်လွှမ်းမိုးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ဆဲဟု ကင်တားနား ကြေညာ

အေအက်ဖ်ပီ

မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ထိခိုက်ပျက်စီးလွယ်သော အနေအထားတွင်ပင် ဆက် လက်ရှိနေပြီး၊ လူနည်းစုလူမျိုးများအနေဖြင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားနေရဆဲဖြစ် ကာ၊ စစ်ဘက်အနေဖြင့်လည်း အဖွဲ့အစည်းအများစုအပေါ်တွင် ဆက်လက် လွှမ်းမိုးထားဆဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူး သောမတ်စ်အိုဟေးကင်တား နားက မတ်လ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

“မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုရှိပြီဟု မဆိုနိုင်သေးပါ”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကင်တားနား၏ ကြေညာချက်တွင် ဆိုထားသည်။

“စစ်ဘက်အနေဖြင့် ယခုအချိန်အထိ လူနေမှုဘ၀နှင့် အဖွဲ့အစည်းများကို ဆက်လက် လွှမ်းမိုးထားပြီး၊ ယေဘုယျအားဖြင့် စစ်တပ်သည် အကြောင်းအကျိုး တာဝန်ခံရှင်းပြရန် လိုလေ့မရှိပေ”ဟုလည်း စစ်တပ် အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး သုံးနှစ်အကြာ မြန်မာနိုင်ငံ၏အခြေအနေကိုလည်း ဖော်ပြထား သည်။

ပြစ်မှုကျူးလွန်ခဲ့သူများ အရေးယူခြင်းမခံရသော ပြဿနာနှင့် ရခိုင်ပြည်နယ်အတွင်းရှိ စနစ်တကျ ခွဲခြား ဆက်ဆံမှု ပြဿနာများကို အာဏာပိုင်များအနေဖြင့် မဖြေရှင်းနိုင်ပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ကြီးတစ်ခုလုံးကို ထိခိုက်နိုင်သည်ဟုလည်း အိုဟေးကင်တားနားက သတိပေးထားသည်။

ကုလသမဂ္ဂကဆိုထားသော အချက်အလက်ဖြစ်သည့်၊ ဇန်န၀ါရီလအတွင်းက ဒုချရားတန်းကျေးရွာတွင် ဒါဇင်နှင့်ချီသော မွတ်ဆလင်များ အသတ်ခံခဲ့ရသည်ဆိုသော အချက်အား အထောက်အကူပြုမည့် သက် သေအထောက်အထား လုံးဝမရှိဟု မြန်မာအစိုးရက ခန့်အပ်ထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်ခဲ့ပြီးနောက် မစ္စတာကင်တားနား၏ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သတ်မှတ်ချက်များဖြင့် ပြည့်မီသော မွတ်ဆလင်များကိုလည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ သက်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားပေးအပ်သင့်ကြောင်းလည်း ဒုချရားတန်း စုံစမ်းစစ် ဆေးရေးကော်မရှင်က အကြံပြုသည်။

ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ MPC တွင် မတ်လ ၁၁ ရက်က အများပြည်သူထံသို့ ထုတ်ပြန်ခဲ့ သည့် ကော်မရှင်တွေ့ရှိချက်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းများနှင့် မွတ် ဆလင်အသိုင်းအ၀ိုင်းများအကြား ယုံကြည်မှုတည်ဆောက်ရေး ခြေလှမ်းများ လှမ်းကြရန်လည်း ကော်မ ရှင်က တိုက်တွန်းထားသည်။

ဇန်န၀ါရီလအတွင်းက ဒုချရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပေါ် ယုံကြည်စိတ်ချရမည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာအာဏာပိုင်များအနေဖြင့် ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း မစ္စတာအိုဟေးကင်တားနား က ဆိုသည်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော၊ စစ်အစိုးရ၏ ကြမ်းတမ်းသည့် အုပ်ချုပ်မှုအောက်မှ ၂၀၁၁ ခုနှစ် ၌ လွတ်မြောက်လာခဲ့ပြီး နောက်ပိုင်းတွင်၊ မြန်မာနိုင်ငံအနေဖြင့် သိသာထင်ရှားသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ဖော်ဆောင်လျက်ရှိခြင်းကို ကြိုဆိုကြောင်းလည်း မစ္စတာအိုဟေးကင်တားနားက ပြောခဲ့ ပြီး၊ အတိတ်ကအမှားများကို အာရုံစိုက် သင်ခန်းစာယူရန် လိုအပ်ကြောင်းလည်း ဆိုခဲ့သည်။

“အတိတ်ကကိစ္စများကို ကိုင်တွယ်ဖြေရှင်းရေးမှာ ပို၍ အရေးကြီးလာလိမ့်မည်”ဟုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က ဆိုသည်။ မစ္စတာကင်တားနား၏ မြန်မာနိုင်ငံဆိုင်ရာ ရာထူးတာဝန်မှာ မေလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

“အရေးပါသော ခြေလှမ်းတစ်ရပ်သည် အပစ်အခတ်ရပ်စဲရေးကို ရရှိစေနိုင်ပြီး၊ တိုင်းရင်းသားလူနည်းစု အဖွဲ့များနှင့်လည်း နိုင်ငံရေးသဘောတူညီချက်များ ရရှိစေနိုင်လိမ့်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာ နိုင်ငံအား လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုအ သွင်သို့ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်သည်”ဟု မစ္စတာကင်တားနားက ဆိုခဲ့သည်။

No comments: