Wednesday, March 12, 2014

နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်မှ ရခိုင်ပဋိပက္ခ ငြိမ်းချမ်းမည်ဟု ကော်မရှင် အကြံပြု

ကေဇူး

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခသည် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို လျင်မြန်စွာ အကောင်အထည်ဖော်မှသာလျှင် ဖြေရှင်းနိုင်မည်ဟု ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က မတ် ၁၁ ရက်တွင် အစိုးရကို အကြံပြုတိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းကော်မရှင်အဖွဲ့ဝင်များက ထိုသို့ပြောကြားခဲ့သလို သမ္မတထံတင်သွင်းသော အစီရင်ခံစာတွင်လည်း ထည့်သွင်းဖော်ပြထားသည်။

“ခိုးဝင်တာလား နိုင်ငံသားလား အခုက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု လုံးဝမရှိတာ ပြဿနာ ဖြစ်နေပါတယ်” ဟု ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ဆိုသည်။

ယင်းကော်မရှင်၏ တိုက်တွန်းချက်များတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေး ရန်၊ နှစ်ဖက်အဖွဲ့အစည်း ယုံကြည်မှုတည်ဆောင်နိုင်ရေးအတွက် ကတိပြုထားသော ကိစ္စရပ်များအ ကောင်အထည်ဖော်ပေးရန်၊ လုံခြုံရေးရဲဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန်၊ ခေတ်မီလက်နက် များ တပ်ဆင်ပေးရန်၊ လူဦးရေနှင့်ညီမျှသည့် လုံခြုံရေးအင်အားများ ချမှတ်ပေးရန်၊ သတင်းအချက်အ လက်များကို လျင်မြန်စွာ ထုတ်ပြန်ပေးရန်နှင့် အရေးပေါ်အခြေအနေများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်တို့ကို အကြံပြုထားသည်။

မောင်တောမြို့နယ် အစ္စလာမ်ဘာသာဝင် ရပ်မိရပ်ဖတစ်ဦးဖြစ်ပြီး ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော် မရှင်တွင် ပါဝင်သူ ဦးလှသိန်းက “ဒီဥပဒေကို အကောင်အထည်ဖော်နိုင်ရင် ကောင်းပါတယ်၊ အစိုးရအဖွဲ့ ကိုလည်း အကောင်းဆုံးလုပ်မယ်လို့ ယုံကြည်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ကို အကောင်အထည်ဖော်ရန် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် မြို့နယ် အများစုတွင် ဆက်တိုက် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

တပ်ကြပ်ကြီးပျောက်ဆုံးမှု စုံစမ်းစစ်ဆေးရေးကော်မရှင်က မောင်တောရဲတပ်ကြပ်ကြီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်မှုတွင် “တပ်ကြပ်ကြီးအောင်ကျော်သိန်းကတော့ အသက်ရှင်လျက် မရှိနိုင် လောက်ဘူးလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဇန်န၀ါရီ ၁၃ ရက်က ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်အောင်ကျော်မင်းသိန်းနှင့်အဖွဲ့ ဒုချရားတန်း(အလယ်) ရွာတွင် ည ၉ နာရီဝန်းကျင်က ကင်းလှည့်ရာမှ ကျေးရွာနေ ဘင်္ဂါလီလူအုပ်စုနှင့် တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ရဲ တပ်ကြပ်ပျောက်ဆုံးခဲ့ကာ ယနေ့အချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဒုချရားတန်းကျေးရွာတွင် ရဲဝန်ထမ်းများနှင့် ဘင်္ဂါလီတို့ တိုက်ခိုက်ခြင်းရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိ မှုသာဖြစ်ပေါ်ခဲ့ပြီး လူ ၄၀ ကျော်သေဆုံးသည့်သတင်းမှာ သက်သေအထောက်အထားမရှိဟု ယင်းရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

ဇန်န၀ါရီလအတွင်းက ဖြစ်ပွားခဲ့သော ဒုချရားတန်းကျေးရွာ မီးလောင်မှုဖြစ်စဉ်များမှာမူ နိုင်ငံရေးပယောဂ ဖြင့် ပြုလုပ်သော ရှို့မီးများသာဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထား သည်။

ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ်သို့ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၀ ရက်နေ့ထိ ငါးရက် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုတွင် ဒေသခံ ၁၇၅ ဦးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ဟု ဖော်ပြထားသည်။

ယင်းကော်မရှင်သည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားမှုဖြင့် ဖေဖော်ဝါရီ ၆ ရက်က ဖွဲ့စည်းခဲ့ပြီး အစီရင် ခံစာကိုမူ ဖေဖော်ဝါရီ ၂၈ ရက်က နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့ပြီးဖြစ်သည်။

No comments: