Sunday, March 9, 2014

ဖွဲ့စည်းပုံပြင်ရေး ကန်ကြီးထောင့်တွင် ဆန္ဒပြ

စည်သူမောင်မောင်

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဒေသခံ ၂၀၀ ကျော်တို့က မတ်လ ၆ ရက် နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်လိုက်သည်။

“ကျွန်တော်တို့မြို့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒဖော်ထုတ်တာဖြစ်တယ်”ဟု ကန်ကြီးထောင့်မြို့ နယ်မှ ဆန္ဒဖော်ထုတ်သူ ဦးကျော်သောင်းက မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်ခွင့်ကို ဖေဖော်ဝါရီ ၂၄ ရက်က တင်ပြတောင်းခံခဲ့ရာ ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက မတ်လ ၃ ရက်တွင် ခွင့်ပြုမိန့်ချပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ၅၉(ဃ)(စ) ဟာ လူတစ်ယောက်တည်းကို ဦးတည်ပြီး ရေးဆွဲထားသ လို၊ နိုင်ငံတော်သမ္မတက စစ်ရေးအမြင်ရှိရမယ်ဆိုတာ သမ္မတဟာ တပ်ကပဲဖြစ်ရမယ်လို့ ပြောတာနဲ့ အ တူတူပဲ။ နိုင်ငံတော်သမ္မတဟာ လုံခြုံရေးအမြင်ရှိရမယ်ဆို တော်သေးတယ်”ဟု ကန်ကြီးထောင့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် စည်သူအောင်က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ (၄၃၆)ပြင်ဆင်ရေး၊ ပုဒ်မ၅၉(ဃ)၊ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး၊ ဒီမိုကရေစီစံနှုန်းမကိုက်သော ဥပဒေများပြင်ဆင်ရေး ကြွေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကန်ကြီးထောင့်မြို့ မြို့လယ်လမ်းအတိုင်း ချီတက်လမ်းလျှောက်ကာ ရှင်စောပုလမ်းအထိ ဆန္ဒဖော်ထုတ်ခဲ့သည်။

No comments: