Sunday, March 16, 2014

တန်ဖိုးနည်း အိမ်ရာသတင်း တိကျစွာ ထုတ်ပြန်ပေးစေလို

မျိုးသန့်

မန္တလေးတိုင်းအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ် ကွက်တို့တွင် တည်ဆောက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာစီမံကိန်းဆိုင်ရာ သတင်းများကို ပြည်သူ များ သိရှိလိုနေကြောင်း မန္တလေးတိုင်း န၀မပုံမှန်အစည်းအဝေး စတုတ္ထနေ့ မတ်လ ၁၃ ရက်က ချမ်းမြ သာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးထွန်းဝင်းက ပြောသည်။

“ပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထောက်အကူပြုစေမည့် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်တဲ့ အနေအထားနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာ ထုတ်ပြန်ပေးစေလိုပါတယ်။ တည်ဆောက်မှုကလည်း ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ အသိပေးဆောင်ရွက်ဖို့ ရှိ၊မရှိကို မေးမြန်းတာဖြစ်ပါတယ်”ဟု လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို စက်တင်ဘာလ ၉ ရက်က ပန္နက်ရိုက်ခဲ့ကာ မြရည်နန္ဒာရပ်ကွက်၊ အောင် သာယာရပ်ကွက်တို့ရှိ မမ ၁၅ မှ ၅၇ ဒသမ ၉၄၈ ဧကပေါ်တွင် အာရ်စီရှစ်ခန်းတွဲ လေးထပ် အဆောက် အအုံ၂၇ လုံး၊ အခန်းပေါင်း ၈၆၄ ခန်း၊ မမ၂၇ တွင် အာရ်စီလေးခန်းတွဲ ၃၀ လုံး၊ အခန်းပေါင်း ၄၈၀ ခန်း၊ စုစုပေါင်း ၁,၃၄၄ ခန်း တည်ဆောက်လျက် ရှိသည်။

ဆိုပါကိစ္စနှင့်ပတ်သက်ကာ မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက “မြရည်နန္ဒာ၊ အောင်သာယာရပ် ကွက်တို့တွင် ပြည်သူများ စနစ်တကျရှိစေဖို့အတွက် အခန်း ၁၃၄၄ ခန်း ဖော်ထုတ်တည်ဆောက်လျက် ရှိပါတယ်။ အဓိက မြရည်နန္ဒာ၊ ကန်ကြီးကုန်၊ ဇီးအုပ် ရောင်းမှား၊ ၀ယ်မှား၊ ဥပဒေနှင့်ညီပြီး ဖယ်ရှားခံရသူ များ၊ နေထိုင်ခွင့်ခက်ခဲနေသော ပြည်သူများကို စိစစ်ရောင်းချသွားမည်ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

No comments: