Wednesday, March 19, 2014

မန္တလေးမြို့တော်ကို အစိမ်းရောင်မြို့တော်ပြောင်းလဲရေး အေဒီဘီ အကြံပေးအဖွဲ့က စာတမ်း စတင်ပြုစုလျက်ရှိ

ဖြိုး

မန္တလေးမြို့ကို သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော အစိမ်းရောင်မြို့တော်အဖြစ် ပြောင်းလဲနိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ အကြံပေးပညာရှင်အဖွဲ့သည် မတ်လ ၁၂ ရက်မှစ၍ တစ်နှစ်ခန့် အချိန်ယူ စာ တမ်းပြုစုမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကော်မတီဝင်(၁) ဦးထွန်း ကြည်က မဇ်္ဈိမကို ပြောသည်။

၎င်းအဖွဲ့သည် ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ မန္တလေးမြို့နှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် စာတမ်းပြုစုသွားမည်ဖြစ်သည်။

အတိုင်ပင်ခံအင်ဂျင်နီယာများ ပါဝင်ပြီး အမေရိကန်၊ ပြင်သစ်နှင့် ဂျပန် စသည့် နိုင်ငံတကာမှ ပညာရှင် ၁၀ ဦးခန့် ပါဝင်သော ယင်းအေဒီဘီအဖွဲ့သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၌ သုံးဦးစီ အလှည့်ကျ ရုံးထိုင်ကာ အချက်အလက်များ စုဆောင်းသွားမည်ဖြစ်သည်။

“စာတမ်းပြုစုလို့ပြီးရင် ကော်မတီကို တင်မယ်။ အဲဒီစာတမ်းကနေ Green City ဖြစ်လာဖို့အတွက် ကုန်ကျစရိတ်တစ်ခု ထွက်လာမယ်”ဟု ၎င်းက ပြောသည်။

၎င်းတို့ အဓိကထား လေ့လာသွားမည့် အကြောင်းအရာများသည် ရေ၊ ရေဆိုး၊ ရေမြောင်းစနစ်၊ ရေလွှမ်း မိုးမှုဧရိယာများ၊ မိလ္လာစနစ်၊ အမှိုက်သိမ်း စနစ်တို့ဖြစ်ပြီး ပြုစုနေသည့်ကာလအတွင်း၌ ကော်မတီကို ကြား ဖြတ်အဖြစ် သုံးကြိမ်တိုင် အကြိုစာတမ်းများကို တင်ပြသွားမည်ဖြစ်သည်ဟု အေဒီဘီအကြံပေးအဖွဲ့မှ မစ္စ အဲရစ်ဟွန်ဒါက ရှင်းလင်းပြောကြားသည်။

လက်ရှိ မန္တလေးမြို့၏ ရေပေးဝေရေးစနစ်သည် တစ်နေ့လျှင် ရှစ်နာရီသာ ပေးနိုင်ပြီး လူဦးရေ၏ ၅၀ ရာ ခိုင်နှုန်းသာ ပိုက်ရေရရှိသေးကြောင်းနှင့် မိလ္လာစနစ်သည်လည်း မြို့လူထု၏ ၆၀ ရာခိုင်နှုန်းကိုသာ ၀န် ဆောင်မှုပေးနိုင်သေးကြောင်း အေဒီဘီက ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

ပြန်လည်အသုံးပြုနိုင်မည့် အမှိုက်များကို ခွဲခြားစွန့်ပစ်မှုမရှိသေးသော အမှိုက်သိမ်းစနစ်တို့ အသုံးပြုနေဆဲ ဖြစ်သည့်အပြင် မိုးရာသီ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေလွှမ်းနိုင်သည့်ဧရိယာများအ တွက် Maseter Plan များရေးဆွဲရန် လိုအပ်ကြောင်းနှင့် စက်ရုံမှ စွန့်ထုတ်လျက် ရှိသော ရေဆိုးတို့သည် မြေအောက်ရေကိုပါ ညစ်ညမ်းလာစေနိုင်သည့် အချက်များကို တွေ့ရှိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လာမည့် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၆၃ ဘီလီယံ သုံးစွဲသွားမည်ဖြစ်သည်။

No comments: