Thursday, May 12, 2016

မုန်တိုင်းသတိပေးချက်များအား အချိန်နှင့် တပြေးညီ ဂရုစိုက်နားထောင်ကြရန် ဦးထွန်းလွင်အကြံပြု

မိုင်စာရာထွေး

မုန်တိုင်းသတိပေးချက်များအား အချိန်နဲ့တပြေးညီ ဂရုစိုက်သင့်ကြောင်း မိုလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်လွင်က မေလ ၁၁ရက်က အကြံပြုထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ယွန်းယွန်းသို့ ရွေ့လျှားလာပြီးနောက် ပိုမိုအားကောင်းလာနိုင်ကြောင်း၊ မေ (၁၉)ရက်၌ မုန်တိုင်းငယ် အဖြစ်နှင့် မေ(၂၀)ရက်၌ အပူပိုင်း မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။

မေ (၂၁)ရက်နေ့၌လည်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ပြောင်းလဲသွားပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းအတွင်းသိုရောက်ရှိလာနိုင်ကြောင်း၊ မေ(၂၂)ရက်နေ့၌ မူလရွေ့လျားရာလမ်းကြောင်းမှ နောက်သို့ ပြန်လှည့်ပြီး၊ အနောက်တောင်ဖက်ဆီသို့ ပြန်ရွေ့လျားပြီးနောက် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိသွားနိုင်ကြောင်း သိရသည်။

ကနဦးခန့်မှန်းချက်များအရ မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသို့ မူလပထမတွင် ဦးတည်လာခဲ့ကြောင်း၊ နောက်ပိုင်း၌ နောက်ပြန်လှည့်၍ မြန်မာ့ကမ်းရိုးတန်းမှ ဝေးရာသို့ ရွေ့သွားနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသေးသည်။

No comments: