Tuesday, May 10, 2016

ရည်းစားဟောင်းကို သတ်ခဲ့သူအား သေဒဏ်ချမှတ်

မျိုးသူအောင်

ဗဟန်းဈေးအိမ်ရာရှိ သင်္ကန်းဆိုင်တွင် အလုပ်လုပ်နေသောရည်စားဟောင်းကို ဓားဖြင့်ထိုးသတ်ခဲ့သူစိုးမိုးထက် အား မေ ၉ရက်နေ့တွင် အနောက်ပိုင်း ခရိုင် တရားရုံးက သေဒဏ်အပြစ်ပေးလိုက်ကြောင်း သိရသည်။

၂၀၁၅ခုနှစ် စက်တင်ဘာလအတွင်းက ဗဟန်းဈေး အိမ်ရာရှိ ရွှေအင်ကြင်းသင်္ဃန်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသူ မအိ အိဌေးအား ၎င်း၏ ရည်းစားဟောင်းဆိုသူက ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူ စိုးမိုးထက်(ခ)စိုးမိုးထွန်းကို မေ ၉ရက်တွင် ပုဒ်မ ၃ ခုဖြင့် အနောက်ပိုင်း ခရိုင် တရားရုံးက သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်၊ ညနေပိုင်းက ဗဟန်းအိမ်ရာအခန်း အမှတ်(၁)ရှိ ရွှေအင်ကြင်း သင်္ကန်း အရောင်း ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မအိအိဌေးကို ၎င်း၏ရည်းစားဟောင်းဆိုသူက စကား ပြောရန်ခေါ်ဆောင်ရာ မလိုက် သဖြင့် အသင့်ယူလာသည့် ဓားဖြင့်ထိုးခဲ့သည့်အတွက် မအိအိဌေး၏ ဝဲရင်အုံ၊ ယာရင်အုံနှင့် ယာဘက်ခါးတို့ တွင်ထိုး သွင်း ဒဏ်ရာများရရှိသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်သူကို စက်တင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ပန်းဆိုးတန်းဆိပ်ကမ်း၌ ဖမ်းမိခဲ့ပြီး ဗဟန်းမြို့မရဲစခန်းက ပြစ်မှု့ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူခဲ့ကာ အနောက်ပိုင်းခရိုင်တရားရုံးရှိ ဒုတိယခရိုင်တရားသူကြီး(၇)က တာဝန်ယူ စစ်ဆေးနေခြင်း ဖြစ်သည်။

ယင်းအမငနှင့် ပတ်သက်၍ တရားလို ပြ သက်သေ ၁၅ဦးခန့်ကို စစ်ဆေးကာ ပုဒ်မ ၃၀၂(၁)(ခ)အရ သေဒဏ်၊ ပုဒ်၃၂၄ အရ ထောင် ဒဏ်ခြောက်လ နှင့် ပုဒ် ၃၂၆ အရ ထောင်ဒဏ် ၂ နှစ် ကျခံစေရန် မေလ ၉ရက်နေ့က အမိန့်ချမှတ် လိုက် ခြင်း ဖြစ်သည်။

No comments: