နိရဉ္စရာ
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့် ရပ်တန့်ရေးနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားများ အပါအ၀င် မြန်မာတိုင်းရင်းသား ၁၀၀ နီးပါးခန့်က ဧပြီလ ၃၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလမဂ္ဂရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ရခိုင်၌ ဖြစ်ပွားနေသော စစ်ပွဲအတွင်း ပေါ်တာဆွဲခြင်း၊ လမ်းပြ အဖြစ်စေခိုင်းခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း စသည့် လုပ်ရပ်များကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ခိုင်ဘခင်က ပြောဆိုသည်။
၎င်းက ခိုင်ဘခင်က “ ဒါအပြင် မြန်မာစစ်တပ်အနေနဲ့ ထိုးစစ်ဆင်နေတဲ့ တိုင်းသားဒေသတွေမှာ အပြစ်မဲ့ အရပ်သားပြည်သူလူထုတွေ အပေါ် အတင်းဓမ္မစေခိုင်းတာ၊ နိုင်ထက် စီးနှင်း ပြုလုပ်နေတာတွေဟာ ဂျီနီဗာကွန်ဗေးရှန်း သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တဲ့ အတွက် ခုလို ကုလသမဂ္ဂရုံးရှေ့မှာ လာရောက် ဆန္ဒဖော်ထုတ်ရတာပါ” ဟု သူက ပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူတဦးဖြစ်သည့် ဦးစောလွင်မှလည်း ”နိုင်တော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းကြည်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာ ပြောထားပြီးသား ဖြစ်တယ်။ တခါ သမတ ဦးထင်ကျော်ကလည်း အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင် သွားမယ် ဆိုတာ အတိအလင်းပြောထားပါရဲ့ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင်နေတာတွေဟာ စစ်တပ်နဲ့ အစိုးရက သီးခြားစီလို ဖြစ်နေတယ်”ဟု ပြောသည်။
ဆန္ဒပြပွဲတွင် ငြိမ်းချမ်းရေး ရရှိရေး၊ စစ်ပွဲများ ရပ်ဆိုင်းရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပြီး ဆန္ဒပြပွဲကို နေ့လယ် တစ်နာရီမှ ညနေ ၃နာရီခန့်ထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment