Tuesday, May 10, 2016

ကလေး ၇ ဦးရေးဆွဲထားသည့် ပန်းချီ ပြပွဲကျင်းပ

အောင်ကိုဦး

မန္တလေးမြို့၊ကုသိုလ်တော်ဘုရားအနီး၊ကုသိုလ်တော်ပန်းချီပြခန်းတွင် မေလ၉ရက်၊နံနက်၉နာရီက ကလေးငယ် ၇ ဦးရေးဆွဲထားသည့် ပန်ချီးကား ၁၁၀ကို ဖွင့်လှစ်ပြသလျှက်ရှိသည်။

အဆိုပါ ကလေးပန်းချီ ပြပွဲကိုမေလ ၉ ရက်မှ ၁၂ ရက်နေ့အထိပြသသွားမှာဖြစ်ပြီးမောင်အောင်မြင့်မြတ်၊မောင်ကြည်သာရဲရင့်၊ မောင်အောင်စစ်ပိုင်၊မရှင်းမွန်သန့်၊မောင်ဟိန်းထက်စိုး၊မရွှေပိုးဥနှင့်မကေဇင်ကျော်တို့က ရေးဆွဲထားသည်။

အဆိုပါကလေးများသည် မန္တလေးမြို့ရှိ အနုပညာအထက်တန်းကျောင်းမှဖွင့်လှစ်သော နွေရာသီပန်းချီသင်တန်းမှ သင်တန်းသူ၊သင်တန်းသားများဖြစ်သည်ဟု ပန်းချီဆရာကြီး ဦးဇော်ဝင်းကပြောသည်။

"ကလေးတွေရဲ့ရိုးသားတဲ့အတွင်းစိတ်ကိုပြတဲ့ပွဲပါ။သူတို့ဆွဲထားတဲ့ပန်းချီကားတွေက ဘာဝါဒီမှမပါဘူး။သူတို့မြင်တာ သူတို့တွေ့တာလေးတွေကို ဆွဲပြထားတယ်ဆိုတာတွေ့ရတယ်။ဒါမျိုးပွဲတွေအများကြီးပြဖို့လိုပါတယ်။"ဟုပြောသည်။

မာင်ကြည်သာရဲရင့်၏ မိခင် ဒေါက်တာဒေါ်မို့မို့လွင်ကလည်း "ပန်းချီပညာက စာသင်ကျောင်းတွေမှာကို ဘာသာရပ်တစ်ရပ်အနေနဲ့ထည့်သွင်ကြားပေးရမှာပါ။နိုင်ငံတကာကျောင်းတွေမှာ အဲလိုပဲသင်ရိုးထဲထည့်သင်တာတွေ့ရပါတယ်။ပန်းချီသင်ထားတော့ ကလေးတွေက ကျွန်မတို့မမြင်တဲ့ရှု့ထောင့်တွေတောင်မြင်လာတာတွေ့ရပါတယ်။ကျွန်မတို့နိုင်ငံကကျောင်းတွေလည်း ပန်းချီဘာသာရပ်ကို ထည့်သွင်း သင်ကြားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"ဟုပြောသည်။

ပပွဲတွင် ဝင်ရောက်ပြသသူ မောင်အောင်မြင့်မြတ်က"ပန်းချီက ဝါသနာပါတယ်။ဒါပေမယ့် ကြီးရင်တော့ အင်ဂျင်နီယာပဲလုပ်မယ်"ဟုပြောသည်။

မရွှေပိုးဥက"သမီးက ကျောင်းစာသင်ရင် ပညာကိုဆက်လက်သင်ကြားမယ်။အခုလိုပြပွဲတွေလုပ်နိုင်အောင်ကြိုးစားမယ်"ဟု ပြောသည်။

ကလေးပန်ချီပြပွဲဖြစ်မြောက်အောင် စီစဉ်ခဲ့သော ပန်းချီဆရာကြီးများက ကလေးများ၏ လိုအပ်သည်များကို ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး ပြပွဲများဆက်လက်ပြသနိုင်အောင်စီစဉ်သွားမည်ဟုဆိုကြသည်။

No comments: