Tuesday, May 10, 2016

ရန်ကုန် နှစ်ခြင်း လူငယ် ညီလာခံ သို့ ကချင်လူငယ်များ စစ်ဝတ်စုံဖြင့် တက်ရောက်

Kachinnews


ရန်ကုန်မြို့ (၈)ကြိမ်မြောက် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် လူငယ် ဓမ္မညီလာခံ ကို မေလ ၃ ရက်နေ့ ညနေပိုင်း ဖွင့်ပွဲကျင်းပစဉ် ကချင်အမျိုးသား အလံနှင့်အတူ ကချင်အမျိုးသမီး လူငယ်အချို့ စစ် ၀တ်စုံဖြင့် တက်ရောက်ခဲ့ခြင်းပေါ် လူအများက အမျိုးမျိုး ထင်မြင်နေကြပါသည်။

ယခုလို ဝတ်ဆင်လာခြင်းသည် “လက်ရှိ ကချင်လူငယ်များ၏ ရင်ထဲ ကိန်းအောင်းနေသည့် အရာ ကို ထုတ်ဖော်ခြင်းသာဖြစ်တယ်၊ တခြားဘယ်အကြောင်းကြောင့်မှ မဟုတ်ဘူး” ဟု ညီလာခံကိုယ်တိုင် တက်ရောက်သူ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ သိက္ခာတော်ရ ဆရာလမာရော် (Rev. Lama Yaw) က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ထို့အပြင် KBC လူငယ် ၅၀၀ ကျော်လည်း ယခု ညီလာခံတွင် တက်ရောက်နေပါသည်။

မေ ၃ ရက်မှ ၆ ရက်ထိ ပြုလုပ်မည့် ယခု အဋ္ဌမ အကြိမ်မြောက် မြန်မာနိုင်ငံ လုံးဆိုင် နှစ်ခြင်း ခရစ်ယာန် လူငယ် ဓမ္မညီလာခံမှာ နိုင်ငံတဝှမ်း လူငယ် ၁၈၀၀ ကျော် ပါဝင်နေကြောင်း သိရပါသည်။

No comments: