SHAN
အစိုးရ တပ်မတော်နှင့် တအာင်းပလောင် TNLA အကြား ၊ တပ်မတော်နှင့် သျှမ်းတပ်မတော် မြောက်ပိုင်း SSPP/SSA တို့အကြားတွင် တိုက်ပွဲများပြင်း ထန်ခဲ့ကာ အစိုးရ တပ်မတော်ဘက်မှ အကျအဆုံးများပြား ခဲ့သည်ဟု သိရသည် ။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ စစ်တပ်တို့အကြား မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ကျောက်မဲမြို့နယ် အရှေ့တောင်ဘက် ပုံးဝိုးဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ် ပွားခဲ့ ကာ အစိုးရတပ်မတော်ဘက်မှ အရာရှိများပါ ကျဆုံးမှုများရှိခဲ့ကြောင်း သျှမ်းတပ်မှူး များ နှင့် ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည် ။
‘ တပ်မတော်ဘက်က ၁၂ ရက်နဲ့ ၁၄ ရက်နေ့ တိုက်ပွဲတွေမှာ အကျဆုံးများ တယ် ။ ကျနော်တို့ဘက် ကလည်း နည်းနည်းပါးပါးကျတယ် ။ ကျွန်တော်တို့ အဲမှာနေတာကြာပြီဗျ ။ ကျနော်တို့ကို လာရှင်းတဲ့ သဘော။ သူတို့ ပိတ်မိ တယ်လေ ။ ဒါကြောင့်သူတို့ အကျအဆုံးတာများတာ ။ ကျနော်တို့က တိုက် လည်း မတိုက်ချင်ဘူး ကိုယ့်နေရာကိုယ်ပဲနေတာ ။ လာတိုက်ရင်တော့ ခုခံရမှာပဲ ’ ဟု သျှမ်းတပ် မတော်မြောက်ပိုင်း သတင်းပြန်ကြားရေးဌာနမှ အရာရှိတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်တို့သည် တန့်ယန်းမြို့နယ်အတွင်းရှိ စစ်စခန်းအချို့ အား မေလ ၁၂ ရက်နေ့က ပူးတွဲစစ်ဆေးမှုပြုလုပ်ခဲ့ပါ သည် ။ မူလက စစ်ရေး တင်းမာမှုရှိသည့် တန့်ယန်း လွယ်စေး လွယ်လန်းဒေသတွင် တိုက်ပွဲဖြစ် ပွားမှုမရှိပဲ မန္တလေး – မူဆယ် ကားလမ်း တောင်ဘက်ရှိ ကျောက် မဲမြို့နယ် ပုံးဝိုးဒေသတို့တွင် တိုက်ပွဲများဖြစ်လာခဲ့ခြင်းဖြစ်သည် ။
လေ့လာသူများအဆိုအရ မူဆယ်မန္တလေးလမ်းမြောက်ဘက်ပိုင်းတွင် တအာင်းပလောင်တပ်ဖွဲ့ TNLA/PSLF နှင့် သျှမ်းတပ်မတော် တောင် ပိုင်းတို့အကြားတိုက်ပွဲများ လွန်ခဲ့သည့် လဆန်းပိုင်းက ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရ စစ်တပ်အနေဖြင့် အခွင့်ကောင်းယူကာ မန္တလေးမူဆယ်လမ်းတောင် ဘက်ခြမ်းကို စိုးမိုးလို၍ ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုကြသည် ။
‘ လားရှိုး ရမခ စစ်တပ်ဌာနချုပ် ဘက်က အကြောင်းပြတာကတော့ RCSS/SSA တောင်ပိုင်း အဖွဲ့ကို လာရှင်းတယ်လို့ အကြောင်းပြချက်ပေး တယ် ။’ ဟု SSPP/SSA အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည် ။
အစိုးရစစ်တပ်နှင့် သျှမ်းတပ်မတော် မြောက်ပိုင်းတို့၏ တိုက်ပွဲများတွင် အစိုးရ စစ်တပ်ဘက်မှ ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်မှုများရှိခဲ့ပြီး SSPP/SSA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ရ၀၀ ကျော် မှာ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင် ထွက်ပြေးလာခဲ့သည်ဟု ဒေသအခြေစိုက် စစ်ဘေးရှောင်များ ကူညီပေးနေသူများက ဆိုသည် ။
မန္တလေး – မူဆယ်လမ်းမြောက်ဘက်ခြမ်းတွင်မူ တအာင်းပလောင် TNLA/ PSLF နှင့် တပ်မတော်တို့အကြား မေလ ၁၅ ရက်နေ့က တိုက်ပွဲ များ ပြင်း ထန်စွာဖြစ်ပွားခဲ့သည်ဟု တအာင်းပလောင်တပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည် ။
ကျောက်မဲမြို့နယ် ကွင်းစလန်းကျေးရွာအနီးတွင် မေလ ၁၅ ရက်နေ့ မနက်ပိုင်း မှ စတင်ကာ တအာင်းတပ်ဖွဲ့နှင့်တပ်မတော်လက်အောက်ခံ တပ်ရင်းတို့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ တအာင်းပလောင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရေ ဒသ မန်တုံမြို့နယ် ၊ မန်အီကျေးရွာအနီးတွင်လည်း တိုက်ပွဲ များ ဖြစ် ပွားခဲ့ပြီး ပြင်းထန်ခဲ့သည်ဟု သိရပြီး အစိုးရစစ်တပ်ဘက်မှ အကျဆုံးရှိခဲ့ သည်ဟု တအာင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည် ။
အစိုးရစစ်တပ်အနေဖြင့်မူ သျှမ်းမြောက်တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်
No comments:
Post a Comment