Saturday, December 14, 2013

ပေါက်​တော ​ဒု​က္ခ​သည်​စ​ခန်း​တွင် ​မီး​လောင်

ေ​ရွှ​အောင်

ရ​ခိုင်​ပြည်​နယ် ​ပေါက်​တော​မြို့​နယ်​ထဲ​က ​မွတ်​စ​လင်​ဒု​က္ခ​သည်​စ​ခန်း​တ​ခု ​မီး​လောင်​မှု ​ဖြစ်​ပွား​ပြီး ​စ​ခန်း​တွင်း​ရှိ ​တန်း​လျား ၃၄ ​လုံး​ ​မီး​လောင်​ကျွမ်း​သွား​ခဲ့​ပါ​တယ်။

ပေါက်​တော​မြို့​နယ် ​ငှက်​ချောင်း ​ဒု​က္ခ​သည်​စ​ခန်း​မှာ ​ဒီ​ဇင်​ဘာ ၁၂ ​ရက် ​မွန်း​လွဲ​ပိုင်း​က ​ထ​မင်း​အိုး​တည်​ရာ​က ​စ​တင်​မီး​လောင်​ကျွမ်း​ခဲ့​တာ​လို့ ​ရ​ခိုင်​ပြည်​နယ် ​ပြန်​ကြား​ရေး​အ​ဖွဲ့​၀င် ​ဦး​၀င်း​မြိုင်​က ​ပြော​ပါ​တယ်။

“​အဲ​ဒီ ​ဘ​င်္ဂါ​လီ​ဒု​က္ခ​သည်​စ​ခန်း​မှာ ​အိမ်​တန်း​လျား ၈၄ ​လုံး​ရှိ​တယ်။ ​အဲ​ဒီ​လောင်​တာ​က ၃၄ ​လုံး​လောင်​သွား​တယ်။ ​စ​လောင်​တဲ့​အိမ်​က ​အ​သက် ၃၀ ​နှစ်​လောက်​ရှိ​တဲ့ ​ရာ​ဂူး​ဂျာ ​ဆို​တဲ့ ​လူ​ရဲ့​အိမ်​က​နေ ​ထ​မင်း​အိုး​တည်​ရင်း​နဲ့ ​စ​လောင်​တာ​ပါ။”

က​လေး​ငယ်​တ​ဦး ​သေ​ဆုံး​တယ်​လို့ ​သ​တင်း​တွေ​ထွက်​နေ​ပေ​မယ့် ​အ​စိုး​ရ​ပြန်​ကြား​ရေး ​တာဝန်​ရှိ​သူ​က​တော့ ​လူ​သေ​ဆုံး​မှု ​မ​ရှိ​အ​ကြောင်း​နဲ့​ ​မွန်း​လွဲ ၁ ​နာ​ရီ​က​နေ ၃ ​နာ​ရီ​ခွဲ​လောက်​ထိ ၂ ​နာ​ရီ​ခွဲ​ကြာ ​လောင်​ကျွမ်း​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။

ပြည်​နယ်​အ​စိုး​ရ​တာဝန်​ရှိ​သူ​တွေ​နဲ့ ​ပေါက်​တော​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​တို့ ​ကယ်​ဆယ်​ရေး ​လုပ်​ငန်း​တွေ ​လုပ်​ဆောင်​ဖို့ ​ငှက်​ချောင်း​စ​ခန်း​ကို ​ရောက်​ရှိ​နေ​ကြ​ပြီ​ဖြစ်​ပါ​တယ်။

အဲ့​ဒီ​ဒု​က္ခ​သည်​စ​ခန်း​မှာ ​လူ​ဦး​ရေ ​ဘယ်​လောက်​နေ​ထိုင်​နေ​သ​လဲ​ဆို​တာ ​စာ​ရင်း​ဇ​ယား ​အ​တိ​အ​ကျ ​မ​ရှိ​ဘဲ ​တန်း​လျား​တ​ခု​မှာ ​အိမ်​ထောင်​စု ၈ ​စု ​နေ​ထိုင်​တယ်​လို့​ပဲ ​သိ​ရ​ပါ​တယ်။

ရ​ခိုင်​ပြည်​နယ် ​ပ​ဋိ​ပ​က္ခ​တွေ​အ​တွင်း ​မီး​လောင်​မှု​နဲ့ ​အ​ကြမ်း​ဖက်​မှု​တွေ​ကြောင့်​ ​အိုး​အိမ်​စွန့်​ခွာ ​ထွက်​ပြေး​ကြ​ရ​တဲ့​ ​ဒု​က္ခ​သည် ​သိန်း​နဲ့​ချီ ​ရှိ​နေ​တာ ​ဖြစ်​ပြီး ​မွတ်​စ​လင်​ဒု​က္ခ​သည်​အ​များ​စု​ဟာ​လည်း ​ဒု​က္ခ​သည်​စ​ခန်း​တွေ​မှာ ​နေ​ထိုင်​နေ​ကြ​ရ​တုန်း​ဖြစ်​ပါ​တယ်။

No comments: