Monday, December 16, 2013

ဆီးဂိမ်း ပိတ်ပွဲအတွက် မီဒီယာသမား ၅၀၀ နေရာ တိုးသတ်မှတ်ပေး

ABC

မြန်မာနိုင်ငံက ​အရှေ့တောင်အာရှ ​ဆီးဂိမ်း ​အားစားပြိုင်ပွဲပိတ်ပွဲအခမ်းအနားကို ​သတင်းမီဒီယာသမား ​အယောက်ပေါင်း ​၅၀၀ ​နေရာအတွက် ​သတ်မှတ်ထားတယ်လို့ ​ဆီးဂိမ်းအားကစားပြိုင်ပွဲ ​ကျင်းပရေးကော်မတီက ​ကြေညာလိုက်ပါတယ်။

ဆီးဂိမ်းအားကစား ​ဖွင့်ပွဲကခမ်းအနားတုန်းက ​သတင်းမီဒီယာသမား ​အယောက်ပေါင်း ​၃၀၀ ​ယောက် ​သာနေရာပေးနိုင်ခဲ့တဲ့အတွက် ​ဝေဖန်မှုတွေခံခဲ့ရပြီး ​အခုလို ​မီဒီယာသမားတွေအတွက်နေရာတိုးပေးခဲ့ ​တာဖြစ်ပါတယ်။

ဆီးဂိမ်း ​ပိတ်ပွဲအခမ်းအနားအတွက် ​နိုင်ငံခြား ​သတင်းထောက်အယောက် ​၁၀၀၊ ​နိုင်ငံခြား ​အသံလွင့် ​သတင်းထောက် ​အယောက် ​၁၀၀နဲ့ ​ပြည်တွင်း ​သတင်းထောက် ​အယောက်ပေါင်း ​၃၀၀ ​အတွက် ​နေရာ ​ပေးသွားမယ်လို့ ​ဆီးဂိမ်းကျင်းပရေးကော်မတီ ​သတင်းနဲ့ ​ပြန်ကြားရေးဌာနက ​တာဝန်ခံ ​ဦးဝင်းကြည်က ​ပြောပါတယ်။

အခု ​ဆီးဂိမ်း ​အားကစားပြိုင်ပွဲရဲ့ ​နောက်ဆုံး ​ဆုတံဆိပ် ​ရရှိတဲ့ ​စာရင်းဇယားအရ ​ထိုင်းနိုင်ငံက ​မြန်မာကို ​ကျော်ပြီး ​ထိပ်ဆုံးနေရာမှာရှိနေပါတယ်။

ထိုင်းနိုင်ငံက ​ရွှေတံဆိပ်ဆု ​၄၅ ​ခု၊ ​ငွေတံဆိပ် ​၄၁ ​ခု၊ ​ကြေးတံဆိပ် ​အခု ​၄၀နဲ့ ​ထိပ်ဆုံးနေရာမှာရှိနေပြီး ​မြန်မာနိုင်ငံကတော့ ​ရွှေတံဆိပ်ဆု ​၃၈ခု၊ ​ငွေတံဆိပ် ​၃၁ခု၊ ​ကြေးတံဆိပ် ​၃၅ခုနဲ့ ​ဒုတိယနေရာမှာ ​ရောက်ရှိသွားပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ ​ရွှေတံဆိပ်ဆု ​၃၆ခု၊ ​ငွေတံဆိပ် ​၃၂ခု၊ ​ကြေးတံဆိပ် ​၄၁ခုနဲ့ ​တိယနေရာမှာ ​ရှိနေပြီး ​အင်ဒိုနီးရှားနဲ့ ​မလေးရှားနိုင်ငံတို့က ​စတုတ္ထနဲ့ ​ပဉ္စမ ​နေရာမှာ ​လိုက်နေပါတယ်။

No comments: