Saturday, December 14, 2013

ဒေါက်​တာ​စင်​သီ​ယာ​ကို ​ထိုင်း​က ​ဆေး​ဘက်​ဆိုင်​ရာ ​ဂုဏ်​ထူး​ဆောင်​ဘွဲ့ ​ချီး​မြှင့်​မည်

DVB

ဒေါက်​တာ​စင်​သီ​ယာ​မောင်​ကို ​ထိုင်း​နိုင်​ငံ ​အူ​ဘွန်​ရက်​ချာ​တ​နီ​တ​က္က​သိုလ်​က ​ဆေး​ဘက်​ဆိုင်​ရာ ​ဂုဏ်​ထူး​ဆောင် ​ဒေါက်​တာ​ဘွဲ့ ​ပေး​အပ်​ချီး​မြှင့်​မှာ ​ဖြစ်​ပါ​တယ်။

ထိုင်း​နိုင်​ငံ ​တော်​ဝင်​ဘု​ရင့်​သ​မီး​တော် ​မ​ဟာ​ချက်​က​ရီ​သီ​ရိ​ဒုံ​က ​အူ​ဘွန်​ရက်​ချာ​တ​နီ​တ​က္က​သိုလ်​မှာ ​ဆေး​ဘက်​ဆိုင်​ရာ ​ဂုဏ်​ထူး​ဆောင် ​ဒေါက်​တာ​ဘွဲ့​ ​ဒေါက်​တာ ​စင်​သီ​ယာ​မောင်​ကို ​ဒီ​ဇင်​ဘာ ၁၈ ​ရက်​နေ့ ​ပေး​အပ်​ချီး​မြှင့်​မှာ ​ဖြစ်​ပါ​တယ်။

ထိုင်း – ​မြန်​မာ​နယ်​စပ်​ရှိ ​မြန်​မာ​ဒု​က္ခ​သည်​တွေ၊ေ​ရွှ့​ပြောင်း​အ​လုပ်​သ​မား​တွေ​နဲ့ ​မိ​ဘ​မဲ့​က​လေး​တွေ​အ​တွက် ​ဒေါက်​တာ ​စင်​သီ​ယာ​မောင်​ရဲ့ ​ကြိုး​စား​လုပ်​ဆောင်​မှု​တွေ​ကို ​ဂုဏ်​ပြု ​အ​သိ​အ​မှတ်​ပြု​တဲ့​အ​နေ​နဲ့ ​အ​ဆို​ပါ ​ဂုဏ်​ထူး​ဆောင်​ဘွဲ့​ကို ​ပေး​အပ်​တာ ​ဖြစ်​ပါ​တယ်။

ဒေါက်​တာ​စင်​သီ​ယ​မောင်​ကို ​အ​ခု​လို ​ဆု​ချီး​မြှင့်​တဲ့​အ​ပေါ် ​စူဝမ်​န​မစ်​ဖောင်​ဒေး​ရှင်း ​လူ​မှု​ရေး ​အ​ကူ​အ​ညီ​ပေး​ရေး​အ​ဖွဲ့ ​ဒါ​ရိုက်​တာ ​စော​အောင်​သန်း​ဝေ​က “​အ​ခု​က ​ပ​ထ​မ​ဦး​ဆုံး​အ​ကြိမ်​ထိုင်း​က ​အ​သိ​အ​မှတ်​ပြု​တာ ​မ​ဟုတ်​ပါ​ဘူး​။ ​အ​ရင်​တုန်း​က ​ဆို​ရင်​လည်း ​ထိုင်း ​လူ​မှု​အ​သိုင်း​အ၀ိုင်း​က​နေ ​အ​သိ​အ​မှတ်​ပြု​တဲ့ ​အ​ခြား ​ဆု ၂ ​ခု​ကို​လည်း ​ဆ​ရာ​မ ​ရ​ပြီး​သား ​ဖြစ်​ပါ​တယ်။ ​ဒါ​က ​ပြော​ရ​မယ်​ဆို​ရင် ​ဆ​ရာ​မ​ကြီး​ရဲ့ ​လူ​မှု​ရေး ​လုပ်​ငန်း​နဲ့ ​ပတ်​သက်​လို့ ​ထိုင်း ​လူ​မှု​အ​သိုင်း​အ၀ိုင်း​က​နေ​ပြီး​တော့ ​လျစ်​လျူ​မ​ရှု​ထား​ဘူး​၊ ​သူ​တို့​အ​နေ​နဲ့​လည်း ​တာဝန်​ရှိ​တယ်​ဆို​တာ​ကို ​သူ​တို့​တ​စုံ​တ​ရာ ​ခံ​ယူ​တယ်​ပေါ့​နော်။ ​အဲ​လို​ပဲ ​ကျ​နော်​မြင်​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

ဒေါက်​တာ​စင်​သီ​ယာ​မောင်​ဟာ ​ထိုင်း​နိုင်​ငံ ​မဲ​ဆောက်​မြို့​ရှိ ​မယ်​တော်​ဆေး​ခန်း​ရဲ့ ​ညွှန်​ကြား​ရေး​မှူး​တ​ဦး ​ဖြစ်​ပါ​တယ်။

မယ်​တော်​ဆေး​ခန်း ​ထောက်​ပံ့​ရေး​မန်​နေ​ဂျာ ​နော်​မေ​စိုး​က “​ဆေး​ခန်း​အ​ကျိုး​မှာ​တော့ ​ရ​ရှိ​လာ​မယ်​လို့​ထင်​တာ​ပေါ့​နော်။ ​ပြီး​ရင် ​ဆ​ရာ​မ ​ဘွဲ့​ထူး​နဲ့ ​ပတ်​သက်​ပြီး​တော့ ​လူ​အ​များ​သိ​သွား​ခဲ့​ရင် ​ဒီ​ဆေး​ခန်း​ကို ​အ​များ​လည်း ​သိ​လာ​မယ်။ ​ပြီး​လို့​ရှိ​ရင် ​ပို​ပြီး​တော့ ​ပွင့်​လင်း​မြင်​သာ​မှု​လဲ ​ရှိ​လာ​မယ်” ​လို့ ​ပြော​ပါ​တယ်။

သူ​မ​ဟာ ​ကျန်း​မာ​ရေး​နဲ့ ​လူ့​အ​ခွင့်​အ​ရေး ​လုပ်​ငန်း​တွေ​နဲ့ ​ပတ်​သက်​တဲ့ ​လုပ်​ဆောင်​မှု​တွေ ​အ​တွက် ​ဩ​စ​တြေး​လျ​နိုင်​ငံ ​ဆစ်​ဒ​နီ​ငြိမ်း​ချမ်း​ရေး​ဆု၊ ​ဟောင်​ကောင် The One Award ​ဆု​နဲ့ ​ဒေ​သ​လူ​ထု​ခေါင်း​ဆောင်​မှု​အ​တွက် ​ဖိ​လစ်​ပိုင် ​ရေး​မွန်​မက်​ဆေး​ဆေး (Ramon Magsaysay ​ဆု ​အ​ပါ​အ​ဝင် ​ဂုဏ်​ထူး​ဆောင်​ဆု​တွေ ​ရ​ရှိ​ခဲ့​ပါ​တယ်။

၁၉၈၈ ​ခု​နှစ် ​တ​ပြည်​လုံး​အ​တိုင်း​အ​တာ ​ဒီ​မို​က​ရေ​စီ​အ​ရေး​တော်​ပုံ​ကို ​အ​စိုး​ရ​က ​ဖြို​ခွင်း​ပြီး​နောက် ၁၉၈၉ ​ခု​နှစ်​မှာ ​မယ်​တော်​ဆေး​ခန်း​ကို ​တည်​ထောင်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

၁၉၉၀ ​ပြည့်​နှစ်​မှာ ​လူ​နာ​ကု​တင် ၄ ​လုံး​သာ ​ရှိ​တဲ့ ​ဆေး​ခန်း​အ​ဖြစ်​က​နေ ​အ​ခု​အ​ချိန်​မှာ​တော့ ​နှစ်​စ​ဉ် ​လူ​နာ​ပေါင်း ၁ ​သိန်း ၄ ​သောင်း​လောက် ​လာ​ရောက် ​ဆေး​ကု​သ​နေ​ပြီး ​က​လေး​ငယ် ၃ ​ထောင်​ကျော်​ကို ​မွေး​ဖွား​ပေး​နေ​တဲ့ ​ဆေး​ခန်း ​ဖြစ်​လာ​ပါ​တယ်။

အ​ခု​လို ​ဒေါက်​တာ ​စင်​သီ​ယာ​ကို ​ဆု​ချီး​မြှင့်​လိုက်​တဲ့​အ​တွက် ​နောင်​အ​နာ​ဂတ်​မှာ ​အ​ကူ​အ​ညီ​တွေ ​ပို​ရ​လာ​မယ်​လို့ ​စော​အောင်​သန်း​ဝေ​က ​ပြော​ပါ​တယ်။

“​အ​ခု​ကျ​နော်​တို့ ​လော​လော​ဆယ် ​မြန်​မာ​နိုင်​ငံ​အ​ပြောင်း​အ​လဲ ​နဲ့ ​ပတ်​သက်​လို့ ​ဆေး​ခန်း​ရဲ့ ​ရန်​ပုံ​ငွေ​အ​ခြေ​အ​နေ​က​လည်း ​နည်း​နည်း​အ​ပြောင်း​အ​လဲ ​ရှိ​တာ​ပေါ့​။ ​အဲ​ဒီ​အ​ပေါ်​မှာ ​ဆ​ရာ​မ​ကြီး ​ဒီ​ဂုဏ်​ထူး​ဆောင်​ဘွဲ့ ​ရ​ရှိ​ခြင်း​အား​ဖြင့်​တော့ ​ထိုင်း ​တ​ချို့​၊ ​ဒီ​ပ​ညာ​တတ်​အ​သိုင်း​အ၀ိုင်း​က ​အ​သိ​အ​မှတ်​ပြု​တဲ့ ​အ​တွက်​ကြောင့် ​ကျ​နော်​တို့​ဟာ ​ဒီ​ဆေး​ခန်း​အ​နေ​နဲ့ ​နောက်​အ​နာ​ဂတ်​မှာ ​ထိုင်း​လူ​မှု​အ​သိုင်း​အ၀ိုင်း​ရဲ့ ​အ​ကူ​အ​ညီ​တွေ ​အ​သိ​အ​မှတ်​ပြု​မှု​တွေ ​ပံ့​ပိုး​မှု​တွေ ​တ​စုံ​တ​ရာ ​ရ​လာ​နိုင်​တဲ့​အ​ခြေ​အ​နေ ​ရှိ​ပါ​တယ်။”

မယ်​တော်​ဆေး​ခန်း​ဟာ ​ပြည့်​ဝ​တဲ့ ​ကျန်း​မာ​ရေး ​ဝန်​ဆောင်​မှု​ပေး​ရာ ​စင်​တာ ​ဖြစ်​ပြီး ​မြန်​မာ​ပြည်​အေ​ရှ့​ဘက် ​ကျေး​လက်​ဒေ​သ​တွေ​နဲ့ ​ပ​ဋိ​ပ​က္ခ​ဖြစ်​ရာ​ဒေ​သ​တွေ​မှာ ​ပြန်​လည် ​လုပ်​ကိုင်​နေ​တဲ့ ​ထောင်​ပေါင်း​များ​စွာ​သော ​ကျန်း​မာ​ရေး​လုပ်​သား​တွေ​ကို ​သင်​တန်း​တွေ ​ပို့​ချ​ရာ ​စင်​တာ​လည်း ​ဖြစ်​သည်။

ဒါ့​အ​ပြင် ​မယ်​တော်​ဆေး​ခန်း​ဟာ ​ထိုင်း – ​မြန်​မာ​နယ်​စပ်ေ​ရွှ့​ပြောင်း ​က​လေး​တွေ​အ​တွက် ​ပ​ညာ​ရေး​နဲ့ ​ကာ​ကွယ်​စောင့်ေ​ရှာက်​ရေး​ကို​လည်း ​ပံ့​ပိုး​ပေး​နေ​ပါ​တယ်။

No comments: