Monday, December 23, 2013

နမ့်လင်းပါ နှင့် မုန်ဒိန်ပါ တွင် နှစ်ရက် ဆက်တိုက် တိုက်ပွဲဖြစ်

ရွှေဟင်္သာ

ယနေ့ မနက် (၈)နာရီခွဲ မှ (၉)နာရီခွဲအထိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) လက်အောက် ခံတပ်ရင်း(၁၂) တပ်ဖွဲ့များသည် ကချင်ပြည် နယ် မံစီမြို့နယ် နမ့်လင်းပါ ကျေးရွာ၌ အခြေချ နေသော အစိုးရရှေ့တန်း စစ်ကြောင်း များကို တိုက်ခိုက်ခဲ့ သည်ဟု KIA တပ်ရင်း (၁၂)မှူး ဗိုလ်မှူး လဘန် ဂျွန်း အောင်က ဆိုပါသည်။

“ဒီမနက်မှာတော့ နန်းလင်းပါနဲ့ နာကောက် ကျေးရွာမှာ အခြေ ချနေတဲ့ စစ်ကြောင်း တွေကို ၀င်တိုက်ခဲ့ တာပါ။ နှစ်နေရာ စလုံးကိုတနာရီ ကျော်စီ် ၀င်တိုက် ပါတယ်။ သူတို့အခြေ အနေကို သိချင်လို့ပါ။ သူတို့ ထိုးစစ်တွေ ကလည်း ဘာကြောင့် ရပ်နေတယ် ဆိုတာ ကိုလည်း သိချင်လို့ စမ်းသပ်တဲ့ အနေနဲ့ တိုက်လိုက် တာပါ။”ဟုဆိုပါသည်။

ထိခိုက် ကျဆုံးမှု အသေးစိပ် မသိရသော်လည်း အစိုးရ ရှေ့တန်းတပ် များသည် လှုပ်ရှားမှု မရှိဘဲ ကျေးရွာမှ နောက် ဆုတ်ပေးခြင်း မရှိပေ။ အလားတူ ယ မာန်နေ့ ကလည်း တပ်ရင်း (၁၂)နယ်မြေ နမ့်လင်းပါ နှင့် မုန်ဒိန်ပါ ကျေးရွာ တွင် အခြေချ နေသော အစိုးရ စစ်ကြောင်းများ ကို တနာရီကျော် စီ တိုက်ခိုက်ခဲ့ ပါသည်။

ယင်း တိုက်ပွဲတွင် မုန်ဒိန်ပါ ကျေးရွာရှိ အစိုးရ ခလရ(၄ရ) နှင့် ခလရ (၂၃ရ) စစ်ကြောင်းများ အား မနက် (၆) နာရီမှ (၇)နာရီ အထိ လည်းကောင်း၊ နမ့်လင်းပါ ကျေးရွာ တ၀ိုက်ရှိ အစိုးရ ခမရ (၃၈၇) နှင့် ခမရ (၄၃၈) တပ်ရင်းမှ စစ်ကြောင်းများ ကို နေ့လည် တနာရီ မှ (၂)နာရီ အထိလည်း ကောင်း တိုက်ခိုက်ခဲ့ ပါသည်။

KIA တပ်ရင်း (၁၂) တပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက် နေသော အစိုးရတပ်များ သည် တပတ်ကျော်ကြာမျှ စစ်ဆင်မှု ရပ်နေခြင်း ဖြစ်ပါသည်။ ၄င်းတို့သည် စစ်ကြောင်း များပြောင်းလဲနေ ခြင်း၊ ရိက္ခာများ ဖြည့်တင်း နေခြင်းနှင့် အရာရှိ များ သင်တန်း တက်ရခြင်း ကြောင့် ရပ်နားခဲ့ခြင်း ဖြစ်ဖွယ်ရှိ ကြောင်း ဆိုပါသည်။

ဤသို့ကြောင့် KIA တပ်ရင်း (၁၂)သည် စစ်ဆင်မှု ရပ်တန့်နေ သည့် အစိုးရ တပ်ဖွဲ့များအား နှစ်ရက် ဆိုက်တိုက် ထိုး စစ်ဆင်တိုက် ခိုက်လိုက်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။ အစိုးရ တပ်များ သည် အင်အား (၃၀၀၀)ကျော် ဖြင့် KIA တပ် ရင်း (၁၂) ဧရိယာထဲ တွင် တပ်စွဲထား ခဲ့ ပါသည်။

၎င်းတပ်ဖွဲ့ များမှာ ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) နည်းဗျူဟာ (၃)ခု မှ တပ်ရင်း(၉) ရင်းဖြင့် လည်းကောင်း၊ (အစိုးရ တပ်ရင်း တရင်းတွင် အင်အား (၁၃၀)ခန့်ရှိပြီး (၃)ရင်းလျှင် နည်း ဗျူ ဟာတခု စနစ်ဖြစ် ပါသည်) ။ ကချင်ပြည်နယ် မိုးကောင်းမှ အမှတ်(၃) စကခမှ နည်းဗျူဟာများ၊ မြောက်ပိုင်းတိုင်း ဒေ သခံ တပ်များနှင့် အရှေ့မြောက် တိုင်းမှ ဧည့်ကူ စစ်ဗျူဟာ တပ်များ စုစုပေါင်း (၃၀၀၀) ကျော်ရှိ ကြောင်း ဗိုလ်မှူး လ ဘိုင်ဂျွန်း အောင် က ဆိုပါသည်။

အစိုးရတပ် များသည် အချိန်ယူ ပြင်ဆင် နေသည့် အတွက် စစ်ရေး သဘော တရား အရ “ရန်နား-ငါရှုပ်” ဆိုသည့် သဘော ဖြစ်ကြောင်း၊ မျက်နှာ ချင်းဆိုင် ရှိနေသော အစိုးရ တပ်များအား စမ်းသပ် စစ်ဆင်သော အားဖြင့် တိုက် ခိုက် ခြင်းဖြစ် ကြောင်း ဆိုပါသည်။

No comments: