Tuesday, December 17, 2013

မြန်မာလျှပ်စစ်အတွက် အေဒီဘီက သန်း ၆၀ ချေးငွေပေး

ABC

နိုင်ငံတနိုင်ငံရဲ့ ​ဖွံ့ဖြိုးရေးမှာ ​လျှပ်စစ်မီးက ​အဓိက ​အခန်းကဏ္ဍမှာ ​ပါဝင်တဲ့အတွက် ​အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ​မြန်မာနိုင်ငံ ​လျှပ်စစ်လုပ်ငန်းအတွက် ​ဒေါ်လာ ​သန်းပေါင်း ​၆၀ ​ချေးဌားမှာဖြစ်ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ​ချေးငွေတွေကြောင့် ​ရန်ကုန်၊ ​မန္တလေး၊ ​စစ်ကိုင်းနဲ့ ​မကွေးမြို့ ​ဒေသတွင်းက ​အိမ်ခြေပေါင်း ​ငါးသိန်းနီးပါးမှာ ​လျှပ်စစ်မီး ​ပုံမှန်ရရှိဖို့ရှိတဲ့အတွက် ​စီးပွားရေးလုပ်ငန်းတွေ၊ ​ဆေးရုံ၊ ​ဆေးခန်းတွေ ​ပုံမှန်လည်ပတ်နိုင်မှာ ​ဖြစ်ပါတယ်။

အဲဒ့ါအပြင် ​အင်အားကြီးတဲ့ ​ထရန်စဖော်မာတွေနဲ့ ​အစားထိုးသွားဖို့ရှိသလို ​ဓာတ်မီးကြိုးတွေကိုလည်း ​အစားထိုးသွားဖို့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​စွမ်းအင်ဆိုင်ရာ ​ဥပဒေကိုလည်း ​ပြင်ဆင်ရေးဆွဲရာမှာလည်း ​ကူညီပေးမှာ ​ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ​ကျေးလက်ဒေသဖက်ကို ​ဦးတည်လုပ်ပေးဖို့ရှိပြီး ​လျှပ်စစ်ကဏ္ဍမှာ ​ငွေကြေးတွေ ​များပြားလာအောင် ​ပုဂ္ဂိလတွေနဲ့ ​ပူးတွဲလုပ်ငန်းတွေလုပ်ရာမှာလည်း ​အာရှဖွံ့ဖြိုးရေး ​အေဒီဘီ ​ဘဏ်က ​ကူညီသွားမှာဖြစ်ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ​မြန်မာနိုင်ငံ ​စီးပွားရေးမှာလည်း ​တိုးတက်မှုရှိလာအောင် ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေးတွေကို ​အားပေးထောက်ပံ့မှုတွေ၊ ​ပညာရေးမှာ ​အသက်မွေးဝမ်းကြောင်း ​သင်တန်းတွေ ​ပေးသွားဖို့ရှိပြီး ​အိမ်နီးချင်းနိုင်ငံတွေနဲ့ ​ဆက်သွယ်နိုင်အောင် ​အဝေးပြေး ​လမ်းမကောင်းတွေ ​ထားရှိဖို့အတွက်နဲ့ ​စိုက်ပျိုးရေးနဲ့ ​ရေပေးဝေရေးစနစ် ​တိုးတက်ဖို့အတွက်လည်း ​ကူညီဖို့ ​ရှိပါတယ်။

No comments: