Thursday, December 19, 2013

ထိုင်းနှင့်မြန်မာ အမျိုးသမီးဘောလုံး အကြိုဗိုလ်လုပွဲ လုံခြုံရေး အထူးတင်းကျပ်မည်

မျိုးသန့်၊ အောင်ကိုဦး

မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် ဒီဇင်ဘာ ၁၈ ရက်၌ ကျင်းပမည့် ထိုင်းနှင့်မြန်မာ အမျိုး သမီးဘောလုံးအသင်း အကြိုဗိုလ်လုပွဲစဉ်အတွက် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များအပါအ၀င် အရံရဲတပ်ဖွဲ့ဝင် အင်အားကိုလည်း တိုးချဲ့ချထားမည်ဟု တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးဇော်မင်းဦးက ပြောသည်။

“လုံခြုံရေးအတွက် လက်ရှိ အင်အား ၃,၅၀၀ ရှိပါတယ်။ ထပ်မံပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ၇၀ နဲ့ အရံရဲတပ် ဖွဲ့ကို ထပ်တိုးသွားမှာ ဖြစ်ပါတယ်။ ပြဿနာဖြစ်ပွားမှုတွေအတွက်လည်း ပြဿနာဖြေလျှော့ရေး အဖွဲ့တွေကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်” ဒု-ရဲမှူးဇော်မင်းဦးက ပြောသည်။

အလားတူပင် ကွင်းပြင်ပတွင် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာနယ်မြေရဲများနှင့် လေ့ကျင့်ထား သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထားရှိမည့်အပြင် ကွင်းဝင်ပေါက်များတွင် ဥပဒေနှင့်မလွတ်ကင်းသည့် ပစ္စည်းများ ယူဆောင်မှုမရှိစေရန် စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

ဒီဇင်ဘာ ၁၇ ရက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ၊ မန္တလာသီရိ အားကစားကွင်းမှ တာဝန်ရှိသူများ အစည်း အဝေးတစ်ခုပြုလုပ်ကာ လုံခြုံရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မန္တလာသီရိ အားကစားကွင်း လာရောက်ရာတွင် ဘောလုံးပွဲလက်မှတ်(သို့) ယာဉ်ဝင်ထွက်လက်မှတ်ပါသည့်သူများကို ၀င်ရောက်ခွင့် ပြုမည်ဖြစ်ပြီး၊ သက်ဆိုင်ရာမှ ညွှန်ပြထားသည့် လမ်းကြောင်းများအတိုင်းသာ ယာဉ်များ မောင်းနှင်ရန် လည်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားရှိသည်။

ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည့် မြန်မာနှင့် ထိုင်း အမျိုးသမီးဘောလုံးပွဲစဉ် အကြိုဗိုလ်လုပွဲအတွက် လက်မှတ်များကို ဒီဇင်ဘာ ၁၇ ရက်က မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် အထူးတန်းနှင့် ရိုးရိုးတန်း လက်မှတ်များ ရောင်းချပေးနေပြီး ရွှေမန်းတောင် အားကစားကွင်းတွင်လည်း ရိုးရိုးတန်းလက်မှတ်များ ထပ်မံရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

လက်မှတ်ပေါင်း၂၉,၀၀၀ ကို ရောင်းချပေးမည်ဖြစ်ပြီး မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းတွင် ကျင်း ပခဲ့သည့် မြန်မာ၊ ဗီယက်နမ် အမျိုးသမီးဘောလုံးပွဲလက်မှတ်များ မရရှိခြင်းကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် များနှင့် လက်မှတ်ဝယ်သူတို့ အချင်းများမှု ဖြစ်ပေါ်ခဲ့သေးသည်။ အလားတူပင် ဒီဇင်ဘာ ၁၆ရက် ရန်ကုန် မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ၊အင်ဒိုနီးရှား အမျိုးသားဘောလုံးပွဲစဉ်တွင်လည်း အချင်းများမှု ဖြစ်ပေါ်ခဲ့သေးသည်။

No comments: