ထင်လင်းအောင်
ယခုဘဏ္ဍာနှစ် ၁၀ လတာအတွင်း တစ်နိုင်ငံလုံးမှ တရားမ၀င်ကုန်သွယ်မှု တန်ဖိုးကျပ် ငွေသန်း ၃၀၀၀ နီးပါးဖမ်းဆီးရမိထားသည်ဟု အကောက်ခွန်ဦးစီးဌာန၏ ၀က်က်ဆိုက်စာမျက်နှာတွင် ဒီဇင်ဘာ ၅ ရက် ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။
ထိုသို့ ဖမ်းဆီးရမိသည့် တရားမ၀င်ကုန်ပစ္စည်းများတွင် နယ်စပ်လမ်းကြောင်းမှ ကုန်သွယ်မှုတစ်ခုတည်း က ကျပ်သိန်းပေါင်း ၁၇,၀၀၀ ကျော်ရှိနေပြီး လေကြောင်းလိုင်းနှင့် ရေကြောင်းကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် ပမာဏထက်များပြားနေသည်ဟု ဖော်ပြထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဂိတ်မှ ဖမ်းဆီးရမိသည့်ပစ္စည်းများတွင် တရားမ၀င်ဆေးဝါးများ၊ မူးယစ်ဆေးဝါးများ၊ တရားဝင်ကျောက်စိမ်းများ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက် စပ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့်နာရီများ အများဆုံးပါဝင်ပြီး ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃,၅၈၀ ဒသမ ၈ သိန်းရှိသည်ဟု ဖော်ပြထားသည်။
ရေကြောင်းသင်္ဘောဆိပ်ကမ်းများမှမူ စားသောက်ကုန်ပစ္စည်း၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်း၊အ ၀တ်အထည်၊ ၀ိုင်၊ အရက်နှင့် စီးကရက်များ အများဆုံးဖမ်းဆီးရမိပြီး ဧပြီ (၁)ရက်မှ နိုဝင်ဘာ (၃၀) ရက် အထိ စုစုပေါင်းတန်ဖိုးကျပ် သိန်း ၈,၅၉၃ ဒသမ ၇၁ အား ဖမ်းဆီးရမိထားခဲ့သည်။
မြ၀တီနှင့် မူဆယ်နယ်စပ်ဂိတ်များမှ ဖမ်းဆီးရမိသည့် ကုန်ပစ္စည်များမှာလည်း သစ်၊ ကျောက်စိမ်း၊ စား သောက်ကုန်ပစ္စည်း၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်း၊ ၀ိုင်၊ အရက်နှင့် စီးကရက်များ အများဆုံးဖြစ်ပြီး စုစုပေါင်းကျပ်ငွေသိန်း ၁၇,၅၉၁ ဒသမ ၇၈ တို့အား ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ဖမ်းဆီးရမိမှုများတွင် ပြည်ပသို့ တရားမ၀င်တင်ပို့မည့် စက်တင်ဘာလ ၂၈ ရက်တွင် ကျောက်စိမ်း တုံး တန်ဖိုးကျပ်သိန်း ၂၀ ခန့်၊ စက်တင်ဘာ ၃ ရက်တွင် ကျောက်စိမ်းဟုယူဆရသော ကျောက်တုံး အရွယ်စုံ ၄၇၆ ကီလို၊ ကျပ် ၄၇,၆၀၀,၀၀၀ ခန့်နှင့် သြဂုတ်လ ၂၉ တွင် ပိတောက်သစ်ခွဲခြမ်း မက်ထရစ် နှစ်တန်ကျော်၊ ကျပ် ၂၅ သိန်းတို့ ပါဝင်သည်။
No comments:
Post a Comment