Friday, December 20, 2013

ကူဝိတ်နှင့်စင်ကာပူတွင် အလုပ်သမား သံအရာရှိများ ထားမည်

ရဲလင်းထွဋ်

ပြည်ပရောက် မြန်မာအလုပ်သမားများ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် အလုပ်သမားသံအရာရှိများကို ကူဝိတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံများတွင် ထားရှိသွားမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဦးအေးမြင့်က ပြောသည်။

“အလုပ်သမားသံအရာရှိတွေကို ထိုင်း၊ မလေးရှားနဲ့ ကိုရီးယားနိုင်ငံတွေမှာ ခန့်ထားလျက်ရှိသလို စင်ကာ ပူနဲ့ ကူဝိတ်နိုင်ငံတို့မှာလည်း အလုပ်သမားသံအရာရှိတွေ ခန့်ထားနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါ တယ်”ဟု ဦးအေးမြင့်က ဒီဇင်ဘာ ၁၈ ရက် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာနတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း “ဒီနေ့ ကျင်းပရ ခြင်းဟာ နိုင်ငံတကာကို ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေ အခွင့်အရေးကို ကာကွယ်ပေးဖို့ ကောင်း မွန်သော အကျိုးသက်ရောက်မှုရှိဖို့ လူမှုစီးပွားဘ၀မြှင့်တင်ပေးဖို့ ကျင်းပခြင်းဖြစ်ပါတယ်”ဟု ပြောကြား သွားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အဖြစ် ဒီဇင်ဘာ ၁၈ ရက်ကို ကုလသမဂ္ဂက ၂၀၀၀ ပြည့်နှစ်တွင် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ IOM ၏ ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်ခဲ့သည်။

No comments: