Tuesday, December 17, 2013

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာတဲ့ဒေသခံတွေ အစိုးရကို တင်ပြနိုင်

ABC

မြန်မာနိုင်ငံက ​တရုတ်နိုင်ငံကို ​သွယ်တန်းသွားတဲ့သဘာဝဓာတ်ငွေပိုက်လိုင်းဖြတ်သန်းတဲ့ ​ဒေသတွေမှာ ​ဒေသခံတွေ ​အမှန်တကယ် ​နစ်နာမှုတွေရှိခဲ့ရင် ​သက်ဆိုင်ရာ ​ဒေသအာဏာပိုင် ​တွေဆီတောင်းဆိုလို့ရတဲ့အကြောင်း ​သမ္မတဦးသိန်စိန်ရဲ့ ​စီးပွားရေးအကြံပေး ​ဒေါက်တာအောင်ထွန်းသက်က ​ပြောပါတယ်။

ဒေါက်တာအောင်ထွန်းသက်က ​အထောက်အထား ​အတိအကျရှိတယ်ဆိုရင် ​နစ်နာချက်တွေကို ​အစိုးရကိုတင်ပြပြီး ​သက်ဆိုင်ရာဒေသ ​အာဏာပိုင်တွေဆီကနေ ​တင်ပြလို့ရတဲ့အကြောင်း ​အမှန်တကယ် ​နစ်နာမှုရှိရင်တော့ ​တာဝန်ရှိသူတွေအနေနဲ့ ​လုပ်ဆောင်ဖြေရှင်းပေးရမှာဖြစ်ကြောင်း ​ပြောပါတယ်။

အဲဒီ ​ဓာတ်ငွေ ​ပိုက်လိုင်း ​ဟာ ​ရခိုင်ပြည်နယ် ​၊မကွေးတိုင်း၊မန္တေလေးတိုင်းနဲ့ ​ရှမ်းပြည်နယ်တို့ကို့ ​ဖြတ်သန်းသွားပြီး ​၇၇၃.၆ ​ကီလိုမီတာ ​ရှည်လျားပါတယ်။

ပိုက်လိုင်သွယ်တန်းထားတဲ့ ​ဒေသတွေမှာ ​လူ့အခွင့်အရေး၊ ​လူမှုရေးအပေါ် ​သက်ရောက်မှုတွေ ​သဘာဝပတ်ဝန်းကျင် ​ထိခိုက်မှုတွေ ​နဲ့ဘေးအန္တရာယ် ​စိုးရိမ်မှုတွေကို ​လေ့လာမှုတွေ ​ပြုလုပ်နေတတဲ့ ​အဖွဲ့ဖြစ်တဲ့ ​ပဒေသာမိုး ​(ဓါတ်ငွေ့ပိုက်လိုင်း ​စောင့်ကြည့်ရေးကော်မတီ) ​က ​ခရိုင်တာဝန်ခံ ​ဦးသန့်စင်က ​ဓာတ်ငွေပိုက်လိုင်း ​ဖြတ်သွားတဲ့ဒေသ ​တစ်လျှောက်မှာ ​ပတ်ဝန်ကျင်ထိခိုက်မှုတွေနဲ့ ​လူအဖွဲ့ ​အစည်းအတွက် ​ဘေးအန္တရယ် ​စိုးရိမ်မှုတွေ ​ဖြစ်နေတယ်လို့ ​ဆိုပါတယ်။

ဒီဓာတ်ငွေပိုက်လိုင်းတွေကနေ ​တရုတ်နိုင်ငံကို ​ဓာတ်ငွေ ​ပမာဏ ​လေးသန်းကျော် ​ပို့လွှတ်မှာ ​ဖြစ်တဲ့အကြောင်း ​မြစ်မခ ​သတင်းအရသိရပါတယ်။

No comments: