Monday, December 16, 2013

ငှက်ချောင်း ဒုက္ခသည် စခန်းမီးလောင်မူ လူတစ်ဦး ဖမ်းဆီးခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းတွင် ယမန်နေ့က မီးလောင်မူ ဖြစ်ပွားခဲ့ရာ မီးစလောင်ခဲ့သည့် အခန်းတွဲတွင် နေထိုင်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

အဖမ်းခံရသူမှာ အန်ဘရုလ် ဖြစ်သည်။ မီးသည် ၎င်းနေထိုင်သော အဆောင်မှ နေ့လယ် ၂ နာရီနှင့် ၁၀ မိနစ်တွင် စတင် လောင်ခဲ့ပြီး နေ့လယ် ၃ နာရီခန့်တွင် ငြိမ်းသွားခဲ့သည်ဟု စခန်းတာဝန်ရှိသူ မွတ်ဆလင် လူကြီး တစ်ဦးက ပြောသည်။

“ ဖမ်းတာ တစ်ဦးရှိပါတယ်။ အန်ဘရုလ်ပါ။ သူနေတဲ့ အိမ်က မီးစလောင်တဲ့ အတွက် ဖမ်းသွားတာပါ။ နောက်ထပ် ဖမ်းဆီးတာ မရှိပါ” ဟု ၎င်းလူကြီးက ဆိုသည်။

မီးလောင်မူကြောင့် ငှက်ချောင်း ဘင်္ဂလီ ဒုက္ခသည်စခန်းတွင် အစိုးရမှ တာဝန်ယူ ဆောက်လုပ်ပေးထားသော ရှစ်ခန်းတွဲပါ အိမ်ပေါင်း ၃၄ လုံး မီးထဲပါသွားပြီး ပစ္စည်းများ အားလုံး မီးထဲပါသွားသည်ဟု ၎င်းက ပြောသည်။

“ အိမ် ၃၄ လုံးမီးထဲပါသွားပါတယ်။ လူအသေအပျောက်တော့ မရှိပါ။ အခုက နေစရာလည်းမရှိ၊ စားစရာလည်း မရှိ၊ အထူး ဒုက္ခရောက်နေပါတယ်” ဟု ယင်းဆိုသည်။

ယနေ့နံနက်က ၎င်းငှက်ချောင်း ဒုက္ခသည် စခန်းသို့ ဗျူဟာမှူး၊ ခရိုင်ရဲမှူကြီး၊ ရခိုင်ပြည်နယ်မှ ၀န်ကြီးအချို့နှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးကြည့်ရှု့သွားခဲ့သည်ဟု ဆိုသည်။

ငှက်ချောင်း ဒုက္ခသည် စခန်းမီးလောင်မူမှာ ထမင်းချက်ရာမှ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း စခန်းတွင်းမှ လူများက ပြောဆိုသော်လည်း ယခုမီးမှာ ရှို့မီး ဟုတ်မဟုတ်ကို ဖမ်းဆီးခံထားရသူ အန်ဘရုလ်ဆိုသူအား ရဲက အသေအချာ စစ်ဆေး မေးမြန်းနေကြောင်း စုံစမ်း သိရှိရသည်။

No comments: