Thursday, December 19, 2013

တပ်မတော်မှဗိုလ်ကြီး အင်းဝဘဏ်ကို အနုကြမ်းဝင်စီး

ဝင်းကိုကိုလတ်

မန္တလေးတိုင်း၊ မိတီ်္ထလာမြို့နယ်၊ အရှေ့ပြင်ဈေးနယ်မြေ ဈေးကြီးအနီးရှိ အင်းဝဘဏ်ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီ၊ မိနစ် ၃၀ ခန့်က အနုကြမ်းဝင်ရောက်စီးနင်းသူမှာ တပ်မတော်မှဗိုလ်ကြီးတစ်ဦးဟု မိတ်္ထီလာမြို့နယ်၊ အမှတ် ၂ ရဲစခန်းမှ ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

မိတ်္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးကလည်း “တပ်မတော်ကဗိုလ်ကြီးဆိုတာ မှန်ပါ တယ်။ တပ်ကို လွှဲပြောင်းပေးတယ်လို့လည်း ကြားပါတယ်။ ခရိုင်ရုံးကတော့ ဒီလောက်ပဲသိထားပါတယ်” ဟု မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

မိတ်္ထီလာမြို့၊ အင်းဝဘဏ်မန်နေဂျာ ဒေါ်မိမိယဉ်သည် အခြားဘဏ်ဝန်ထမ်း ကိုးဦးနှင့် လုပ်ငန်းဆောင်ရွက်ရန် ကွန်ပျူတာထိုင်ခုံတွင် ထိုင်နေစဉ် ပြောက်ကျားဘောင်းဘီ၊ အင်္ကျီရှည် ၀တ်ဆင်ထား၍ ခေါင်းစွပ်အနက်စွပ်ပြီး ကျောပိုးအိတ်ဆွဲကာ လူတစ်ဦးဝင်လာသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြသည်။

ထို့နောက် မန်နေဂျာဖြစ်သူ ဒေါ်မိမိယဉ်အား နောက်ကျောမှ သိုင်းဖက်ပြီး အရိုးအသွား ၁၄ လက်မရှိ ဓားကို ကိုင်ဆောင်ကာ ဘဏ်ဝန်ထမ်းအားလုံးအား ကြမ်းပြင်တွင် မှောက်ခိုင်းပြီး ဘဏ်မန်နေဂျာအား အိတ် ထဲသို့ ငွေထည့်ခိုင်းသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါပုဂ်္ဂိုလ်က ဓားကို ကောင်တာစားပွဲတင်၍ ဆက်လက် ခြိမ်းခြောက် ငြိမ်ခိုင်းစဉ် ဘဏ်မန်နေဂျာအ မျိုးသမီးက ဓားကို လျှပ်တစ်ပြတ် ကောက်ယူကာ လွှင့်ပစ်လိုက်ပြီးနောက် ဘဏ်ဝန်ထမ်းများနှင့် ဘဏ်လုံခြုံရေးများက ၀ိုင်းဝန်းဖမ်းဆီးပြီး ဘေးပတ်ဝန်းကျင်သို့လည်း အကူအညီတောင်းခံခဲ့သဖြင့် အနီးမှ ပြည်သူများကလည်း ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ကြသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အင်းဝဘဏ်နှင့် ကပ်လျက်နေထိုင်သူ ဦးခင်မောင်ကြည်က “ဖြစ်စဉ်တော့ သေချာမသိလိုက်ဘူး။ အော်သံတွေကြားတော့ အနုကြမ်းစီးတာဆိုပြီး သိရတယ်။ ဘဏ်က အမျိုးသမီးတစ်ယောက်တော့ လည်ပင်း နည်းနည်း ဓားရှသွားတယ်လို့ကြားတယ်”ဟု ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် အင်းဝဘဏ်မှာ မိတီ်္ထလာဈေးကြီး၏အနီး လူစည်ကားသည့်လမ်းမကြီးဘေးဖြစ်သည့် အတွက် ယခုကဲ့သို့ နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှုမှာ ထူးခြားလှသည်ဟု ဒေသခံများက ပြော သည်။

အရှေ့ပြင်ဈေးနယ်မြေ၊ ရာအိမ်မှူးဖြစ်သူ အသက် ၅၀ အရွယ်ရှိ ဦးစိန်ဝမ်းက “ကျွန်တော့်တစ်သက်မှာ ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှမကြားဖူးပါဘူး။ ဖြစ်တာကလည်း ကျွန်တော့်နယ်မြေမှာ ဖြစ်သွားတာပါ”ဟု တယ် လီဖုန်းမှတစ်ဆင့် ပြောသည်။

ဖမ်းဆီးရမိသူမှာ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းမှ ဗိုလ်ကြီးဝေယံမျိုးကျော်ဆိုသူဖြစ်ပြီး အပတ်စဉ် တပ် ခွဲမှူးသင်တန်း အမှတ်စဉ် ၃၆/၂၀၁၃ မိုင်းမော၊ ကူမဲမြို့နယ်တွင် တက်ရောက်နေသူသည်ဟုလည်း မိတ်္ထီ လာမြို့နယ်၊ အမှတ်(၂)ရဲစခန်း၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

အမှတ်(၂) ရဲစခန်းက (ပ)၃၁၆၊ ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ယူထားပြီး တပ်မတော်စည်းကမ်းများအရ အရေးယူရန် တပ်မတော်မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့သည်ဟု အမှတ်(၂) ရဲစခန်း ရဲအရာရှိက ပြောသည်။

No comments: