Thursday, December 19, 2013

မီဇီုရမ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စစ်ရေးသင်တန်းကိစ္စများ ဆွေးနွေး

Khonumthung


အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ်ကို တရက်တာရောက်ရှိလာသော မြန်မာနိုင်ငံမှ Chief of Myanmar Army, vice senior general စိုးဝင်း နှင့် အိန္ဒိယနိုင်ငံ ရှိ ရဲအရာရှိများနဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံစစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဆက်နွယ်မှုအားကောင်းစေရန် နှင့် စစ်ရေးသင်တန်း ကိစ္စများ ဆွေးနွေးခဲ့ တယ်လို့ သိရသည်။

အဆိုပါဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် Vairengte မြို့နယ်ရှိ Counter Insurgency Jungle Warfare (CIJW) ကျောင်းမှာ တွေ့ဆုံခဲ့ပြီး ဗိုလ်ကြီးစိုးဝင်းကို အိန္ဒိယနိုင်ငံရှိ Chief of Indian Army Staff, general Bikram Singh ကိုယ်စား ကျောင်း Commandant major general Rajeshwar Singh မှ ကြိုဆိုလက်ခံခဲ့ကြောင်း နှင့် အဲဒီညနေပိုင်းမှာပဲ ဗိုလ်ကြီးစိုးဝင်းဟာ Kolkata မှ မြန်မာနိုင်ငံကို လေယာဉ်ဖြင့် ပြန်သွားခဲ့ကြောင်း ထပ်မှန်သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အဓိကအားဖြင့် “ဗိုလ်ကြီးစိုးဝင်က CIJWS ကျောင်းမှာ ဘယ်လိုသင်တန်းတွေ ပေးလဲဆိုတာကိုကြည့်ပြီးအပြင် နှစ်နိုင်ငံစစ်ရေးပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ ဆက်နွယ်မှုတွေ၊ နှစ်နိုင်ငံ ပူးပေါင်းပြီး အစုလိုက်သင်တန်းတွေ ပြုလုပ်ရန်” ဆွေးနွေးဖြစ်တယ်လို့ The Aizawl Post သတင်းစာ တွင် ဖော်ပြသည်။

အရင်တုန်းကတည်းက မြန်မာတပ်တွေဟာ မကြခဏဆိုသလို ဒီ CIJWS ကျောင်းမှာ သင်တန်းတွေ တက်ဖူးကြတဲ့အတွက်ကြောင့် ယခုတခေါက် မြန်မာနိုင်ငံရဲ့အကြီး ဆုံးအရာရှိတဦးလာရောက်ခြင်းဟာ နှစ်နိုင်ငံ အတွက် ကောင်းမွန်တဲ့နမိတ်ဖြစ်တယ်လို့ School commandant major general Rajeshwar Singh က ပြောတယ် ပါသည်။

Chief of Myanmar Army, vice senior general စိုးဝင်ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိ လာပြီး အိန္ဒိယသမ္မတ Pranab Mukherjeeနှင့် defence ခေါင်းဆောင် များနဲ့တွေ့ ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းရေးကိစ္စ၊ လက်ရှိပူးပေါင်းနေဆဲ၊ လုပ်နေဆဲ အရာများ ဆွေးနွေးခဲ့တာဖြစ်သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့က မီဇိုရမ်ကိုပြန်လည်ရောက်ရှိလာခြင်းဖြစ်တယ်။ ဗိုလ်ကြီးစိုးဝင်နဲ့အတူ ဇနီးဖြစ်သူ ဒေါ်သန်းသန်းနွေ လိုက်ပါလာပြီး ထိုအပြင့် အရာရှိကြီး ၅ ဦးလည်း လိုက်ပါလာတယ်လို့ သိရသည်။

No comments: