Thursday, December 19, 2013

တိုင်းရင်းသား ကြိုတင်တွေ့ဆုံမှု ဖျက်သိမ်းလိုက်ရ

ABC

ဒီလာမယ့် ​၂၀၁၄ခုနှစ် ​ဇန်န၀ါရီလ ​တတိယပတ်ကျရင် ​ကရင်အမျိုးသားအစည်းအရုံး ​(KNU) ​ထိန်းချုပ်နယ်မြေမှာ ​ပြုလုပ်မယ့် ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေရဲ့ ​တွေ့ဆုံပွဲကို ​ဖျက်သိမ်းလိုက်ရကြောင်း ​ကေအန်ယူက ​ပြောပါတယ်။

တွေ့ဆုံပွဲကို ​ဇန်န၀ါရီလ ​၁၈ရက်နေ့မှာလုပ်ဖို့ ​စီစဉ်ထားပေမယ့် ​ကရင်အမျိုးသား ​နှစ်သစ်ကူးပွဲ ​အပါအ၀င် ​အခြားပွဲတော်ရက်တွေနဲ့ ​တိုက်ဆိုင်နေတဲ့အတွက် ​တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး ​မတက်ရောက်နိုင်မှာကို ​စိုးရိမ်တဲ့အတွက် ​ဆွေးနွေးပွဲကို ​ဖျက်သိမ်းခဲ့ရတဲ့အကြောင်း ​ကေအန်ယူဥက္ကဌ ​လုံခြုံရေးအရာရှိ ​ဗိုလ်မှူးစောရန်နိုင်က ​ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ​အဖွဲ့အစည်းတွေဟာ ​အောက်တိုဘာ ​လကုန်ပိုင်းကပဲ ​ကချင်လွတ်မြောက်ရေးတပ် ​(KIA) ​ထိန်းချုပ်နယ်မြေဖြစ်တဲ့ ​လိုင်ဇာမြို့မှာ ​ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သလို ​နိုဝင်ဘာလ ​ဆန်းပိုင်းမှာလည်း ​မြစ်ကြီးနာမှာ ​အစိုးရနဲ့ ​ငြိမ်းချမ်းရေး ​ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ​သဘောတူညီချက် ​၁၁ချက် ​ရရှိခဲ့ပါတယ်။

အဆိုပါ ​သဘောတူညီချက်တွေကို ​အခုဖျက်သိမ်းလိုက်တဲ့ ​ဇန်န၀ါရီလတွေ့ဆုံပွဲမှာ ​အပြီးသတ်ဆွေးနွေးသွားမယ်လို့ ​ရည်ရွယ်ထားခဲ့ကြတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: