Thursday, March 13, 2014

မြန်မာ့မီယာ လွတ်လပ်မှု ရှိလာပေမယ့် အခက်အခဲတွေ ရှိနေသေးလို့ဆို

ABC

မြန်မာနိုင်ငံမှာ ​အစိုးရသစ်တက်လာပြီး ​သုံးနှစ်တာ ​ကာလအတွင်း ​သတင်းရေးသားခွင့်နဲ့ ​ပတ်သက်တဲ့ ​ဆင်ဆာတွေ ​လွတ်ကင်းသွားပေမယ့် ​သတင်းရယူတဲ့နေရာမှာ ​အခက်အခဲတွေ ​ရှိနေသေးတဲ့ ​အကြောင်း ​မြန်မာနိုင်ငံမှာ ​ကျင်းပပြုလုပ်တဲ့ ​အပြည်ပြည်ဆိုင်ရာသတင်းမီဒီယာ ​ညီလာခံ ​ဆွေးနွေးပွဲအတွင်း ​သတင်းမီဒီယာ ​သမားတွေက ​ပြောပါတယ်။

မြန်မာနိုင်ငံ ​သတင်း ​လွတ်လပ်ခွင့်က ​ပြီးခဲ့တဲ့ ​နှစ်ပေါင်း ​၅၀ ​ကျော် ​၆၀အတွင်းမှာဆိုရင် ​အမှောင်ထဲကို ​ရောက်နေရာက ​အခုသုံးနှစ် ​လောက် ​အတွင်းမှာ ​မီဒီယာ ​ဖွံ့ဖြိုး ​တိုးတက် ​လာမှုတွေကို ​သိသိသာသာ ​မြင်လာ ​ရကြောင်း၊ ​အခု ​အစိုးရရော၊ ​နောက် ​ဘယ်အစိုးရပဲ ​တက်တက် ​သတင်း ​လွတ်လပ်ခွင့်နဲ့ ​ပတ်သက်ပြီးတော့ ​အ ​ကောင်း ​ဆုံး ​ဆောင်ရွက် ​ပေးသွားမယ်လို့ ​ယုံကြည်ကြောင်း ​ရန်ကုန် ​သတင်းပညာ ​သင်တန်းကျောင်းက ​သတင်းစာဆရာ ​ဦးရဲနိုင်မိုးကပြောပါတယ်။

ညီလာခံကို ​တက်ရောက်ခဲ့တဲ့ ​The ​Cronicle ​အယ်ဒီတာ ​ဦးဇေယျာလှိုင် ​ကတော့ ​မီဒီယာ ​လွတ်လပ်ခွင့် ​သိသိ ​သာသာ ​တိုးတက် ​လာတာ ​တွေ့လာရပေမယ့် ​သတင်းရယူခွင့်နဲ့ ​ပတ်သက်ပြီးတော့ ​အခက်အခဲတွေ ​ရှိနေသေးတယ်လို့ ​ဆိုပါတယ်။

ဒါပေမယ့် ​သတင်း ​မီဒီယာလွတ်လပ်ခွင့်တွေ ​ရရှိလာတာနဲ့ ​အမျှ ​သတင်းထောက်တွေ ​အနေနဲ့ကလည်း ​သတင်းရေးသား ​ဖော်ပြတဲ့အခါမှာ ​မျှတမှုရှိဖို့နဲ့ ​သတင်းစာ ​ဆရာကျင့်ဝတ်နဲ့ ​အညီ ​နေထိုင်ဖို့ ​လိုအပ်ကြောင်း ​သတင်းသမားတွေက ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ​ယခုနှစ် ​သတင်း ​လွတ်လပ်ခွင့် ​အဆင့်ဟာ ​ဒေသတွင်းက ​မလေးရှား၊ ​စင်ကာပူ၊ ​ဘင်္ဂလားဒေ့ရှ်၊ ​ဖိလစ်ပိုင်နိုင်ငံတွေရဲ့ ​အပေါ်မှာရှိနေ ​ပါတယ်။

အပြည်ပြည် ​ဆိုင်ရာ ​သတင်း ​မီဒီယာ ​ညီလာခံကို ​ မတ်လ ​၁၀ ​ရက်နေ့မှ ​၁၂ ​ရက်နေ့အထိမြန်မာနိုင်ငံ၊ ​ရန်ကုန်မြို့ရှိ ​UMFCCI ​မှာပြုလုပ်ခဲ့ပြီး ​East-West ​Center ​က ​ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ​မီဒီယာ ​ညီလာခံကို ​နိုင်ငံပေါင်း၂၅ ​နိုင်ငံက ​သတင်းမီဒီယာ ​လောကသား ​အယောက်ပေါင်း ​၃၀၀ ​ကျော် ​တက်ရောက်ခဲ့ကြတယ်လို့ ​သိရပါတယ်။

သုံးရက်တာ ​ဆွေးနွေးပွဲအတွင်း ​နိုင်ငံတကာက ​မီဒီယာတွေကြုံတွေ့နေရတဲ့ ​အခက်အခဲတေကို ​ဆွေးနွေးခဲ့ကြပါတယ်။

အရင်က ​အပြည်ပြည် ​ဆိုင်ရာ ​သတင်း ​မီဒီယာ ​ညီလာခံတွေကို ​ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့၊ ​တောင်ကိုးရီးယားနိုင်ငံ ​ဆိုးလ်မြို့ ​နဲ့ ​ဟောင်ကောင်တွေမှာ ​ကျင်းပခဲ့ကြကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: