Thursday, March 13, 2014

မွန်အမျိုး သမီး ညီလာခံကို အချက် (၈)ချက် တောင်းဆိုမှုဖြင့် ပြီးဆုံး

မိချမ်းစွန်း

မွန်ပြည်နယ် မော်လမြိုင်မြို့ သာသနာ (၂၅၀၀) ကျောင်းတွင် ပြီးခဲ့သည့် မတ်(၈) ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်း ပခဲ့သည့် မွန်အမျိုး သမီးညီ လာခံ တွင် သဘော တူညီချက် (၈)ချက် ဆုံးဖြတ် နိုင်ခဲ့ကြောင်း မွန်အမျိုး သမီး ကွန်ရက် (Mon Women Network) မှ ထုတ် ပြန် ခဲ့ပါသည်။

“ အထူး သဖြင့်ပေါ့ လူထုကို အခြေခံ တဲ့ လူမှု အဖွဲ့အစည်း တွေထဲက အမျိုးသမီးတွေ အချင်းချင်း ချိတ်ဆက်ပြီး Mon Women Network ကို ဖွဲ့ထား တာပါ။ အဲဒီကနေ တဆင့် မွန်အမျိုး သမီးတွေ အတွက် လိုအပ်နေတဲ့ အောက်ပါ ရည်ရွယ် ချက် တွေရအောင် ဆောင်ရွက် သွားဖို့ ဖြစ်ပါတယ်” ဟု မွန်အမျိုး သမီး အဖွဲ့မှ ဒုတိယ ဥက္ကဌ မိကွန်ချမ်းနွန် က ဆို ပါသည်။

မွန်အမျိုးသမီးများ ၏တောင်းဆို ချက်များမှာ ၁။ မွန်အမျိုးသမီး အဖွဲ့များ အချင်းချင်း ဆက်လက် လက်တွဲကြရန်။ ၂။လူမှု လှုပ်ရှားမှု အဖွဲ့ များ တွင် အမျိုးသမီး များ သတ်မှတ် အရေ အတွက် တခု ပါဝင်လာရေးကို ဆက်လက်ကြိုး ပမ်းရန်။ ၃။ မွန်အမျိုးသား ညီလာခံတွင် မွန် အမျိုးသမီး ကိုယ်စားလှယ် (သို့မဟုတ်) ဖြစ်မြောက်ရေး ကော်မီတီ ကိုယ်စားလှယ် နေရာတွင် သုံးပုံ တပုံ ပါဝင်ရေး ကြိုးပမ်းရန်။ ၄။ နိုင်ငံရေး (သို့မ ဟုတ်) ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ များတွင် အမျိုး သမီး ကိုယ်စား များ (၃၀)ရာနှုန်း ပါဝင်ခွင့် ရရေး တင်ပြရန်။

၅။ ဒေသ အနှံ့အပြားမှ အမျိုး သမီးများ အပေါ် လူ့အခွင့် အရေး ချိုးဖေါက်နေ မှုအား မျှတသော တရား စီရင်မှု ဆောင်ရွက် ပေးရန်။ ၆။ ဆိုးရွား လာ နေသော ဒေသတွင်း မူးရစ်ဆေးဝါး ပြသနာကို အချိန်မှီ ဖြေရှင်းပေးရန်။ ၇။ အမျိုးသမီး နှင့် ကလေး လူ့အခွင့်အရေး ချိုး ဖေါက်နေ မှုများမှ အကာ အကွယ်ပေး ရန်နှင့် ၈။ အစိုးရ မူလ တန်းကျောင်း များတွင် တရားဝင် မွန်စာသင်ကြား ခွင့်ပြု ရန် တောင်းဆို ထား ပါသည်။

မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေ စီပါတီမှ ဥပဒေ အကြံပေး တာဝန် ထမ်းဆောင် နေသော မိမြင့်မြင့် ဝေက မူ အမျိုး သမီးများ သည် ခေတ်ပညာ မည်မျှပင် တတ်စေကာမူ အိမ်တွင်းပုန်း ဘ၀နှင့် နေလာခဲ့ ပြီး နိုင်ငံရေး အရ နှစ် ပေါင်း ၆၀ ကြာ အကြောက် တရားများ နှင့် လွှမ်းမိုး ခံခဲ့ရ သည့်အပြင် ယဉ်ကျေးမှု အနေ ဖြင့် လည်း ဖိနှိပ်ခြင်းခံ ခဲ့ရသည် ဟု ဆိုပါသည်။

ကျားမရေးရာ တန်းတူညီမျှ ရေးကွန်ရက် မှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်မေ စံပယ်ဖြူ ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အမျိုး သမီးဖြစ်စေ အမျိုးသား များပင်ဖြစ်စေ မခွဲခြားပဲ တန်းတူညီမျှ မှုကိုပြ ဌာန်း ထားသော်လည်း အမျိုး သမီးများကို လူမှုအသိုင်း အ၀ိုင်းနှင့် နိုင်ငံတော် အစိုးရမှာ ခွဲခြားဆက် ဆံမှုများ ရှိနေ သေးသည်ဟု ဆိုပါသည်။

ဤ ညီလာခံသည် ပထမဆုံး အကြိမ် မွန်အမျိုးသမီး ညီလာခံဖြစ်ပြီး ယင်း ညီလာခံ သို့ တိုးတက်သော မွန်လူငယ် များအဖွဲ့(MYPO)၊ ရှင်စောပု အမျိုးသမီး စွမ်းဆောင်ရှင် များ အဖွဲ့၊ စေ တနာအဖွဲ့၊ စံပြပညာရေး ၀န်ဆောင်မှု လုပ် ငန်းအဖွဲ့ အပါဝင် တနင်္သရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရန် ကုန်တိုင်း ဒေသကြီးမှ အမျိုးသမီး ကိုယ် စားလှယ်များ၊ မွန်ဒီမိုကရေစီ ပါတီ၊ မွန်ပြည် သစ်ပါတီ၊ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေ စီပါတီမှ ကိုယ်စား လှယ်များ အားလုံး အဖွဲ့ (၃၀)နီးပါးမှ စုစုပေါင်း လူ(၁၅၀)ခန့် တက်ရောက် ခဲ့ပါသည်။

No comments: