Thursday, March 13, 2014

ဒုချီရာတန်ကျေးရွာမီးလောင်မှု ရှို့မီးဖြစ်နိုင်လို့ဆို

ABC

ရခိုင်ပြည်နယ် ​မောင်တောမြို့နယ်မှာရှိတဲ့ ​ဒုချီရာတန်အနောက်ကျေးရွာမီးလောင်မှုဟာ ​နိုင်ငံရေးရည်ရွယ် ​ချက်နဲ့ ​တိုက်ခိုက်လိုတဲ့ ​အဖွဲ့အစည်းတစ်ခုရဲ့ ​လက်ချက်ဖြစ်တယ်လို့ ​ဒုချီရာတန်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ​ကော်မရှင်က ​မတ်လ ​၁၁ ​ရက်နေ့မှာ ​သတင်း ​ထုတ်ပြန်လိုက်ပါတယ်။

ဒုချီရာတန် ​ကျေးရွာ ​မီးလောင်မှုဟာ ​တစ်အိမ်နဲ့ ​တစ်အိမ် ​အနီးကပ် ​လောင်ကျွမ်း ​တာ ​မဟုတ်တဲ့ ​အတွက် ​သာမာန် ​လောင်ကျွမ်းတာ ​မဟုတ်ပဲ ​ရှို့မီး ​ဖြစ်နိုင်တယ်လို့ ​စုံစမ်း ​စစ်ဆေးရေး ​ကော်မရှင်က ​မနေ့က ​မြန်မာ ​ငြိမ်းချမ်းရေး ​စင်တာမှာ ​ပြုလုပ်တဲ့ ​သတင်းစာ ​ရှင်းလင်းပွဲမှာ ​ထုတ်ပြန် ​ပြောဆိုခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး ​ကော်မရှင် ​ဥက္ကဌ ​ဒေါက်တာသာလှရွှေက ​မီးလောက်ကျွမ်းမှုဖြစ်စဉ်နဲ့ ​ပတ်သတ်ပြီး ​အခုလိုပြောပါတယ်။

"ဒီအုပ်စုသည်မွတ်စလင်လား၊ ​ဒီအုပ်စုသည်ရခိုင်လား ​ဘာပဲဖြစ်ဖြစ် ​ကိုယ့်အထင်ပဲရှိနေတာကိုး။ ​အထောက်အထားအပေါ်မှာမူတည်ပြီးတော့ပဲ ​သုံးသပ်ချက်ကိုထုတ်ပါမယ်။ ​အထောက်အထားမရှိတဲ့ဟာ ​ဘယ်သွားပြီးသုံးသပ်လို့ရမလဲ။"

ဒါ့အပြင် ​ဒုချီရာတန် ​ကျေးရွာမှာ ​ပျောက်ဆုံးခဲ့တဲ့ ​ရဲတပ်ကြပ်ကြီး ​အောင်ကျော်သိန်းဟာ ​အသတ်ခံရတာ ​ဖြစ်တဲ့အကြောင်း ​ဒုချီရာတန် ​စုံစမ်း ​စစ်ဆေးရေး ​ကော်မရှင်က ​ပြောပါတယ်။

ဒုချီရာတန်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ​ကော်မရှင်ကို ​နိုင်ငံတော်သမ္မတရုံးက ​ဖေဖော်ဝါရီလ ​၆ရက်နေ့မှာ ​ဖွဲ့စည်းပေးခဲ့ပြီး ​ကော်မရှင်အနေနဲ့ ​အခင်းဖြစ်ပွားရာဒေသကို ​ဖေဖော်ဝါရီလ ​၁၅ ​ရက်နေ့ကနေ ​၂၁ ​ရက်နေ့အထိ ​စုံစမ်းစစ်ဆေးမှုတွေ ​သွားရောက်လုပ်ကိုင်ခဲ့တာဖြစ်တဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: