Thursday, March 13, 2014

လွှတ်တော်တွင် ဒီမိုကရေစီနဲ့ အနိုင်ကျင့်ခြင်းမဟုတ်ဟု သူရဦးရွှေမန်းပြော

စိုးသန်းလင်း

လွှတ်တော်၏ သဘောထားကို မဲခွဲဆုံးဖြတ်သည့်အခါ အမတ်ဦးရေများသည့် အင်အားကြီးပါတီက ထောက်ခံသည့်အဆိုသာ အနိုင်ရလျက်ရှိခြင်းမှာ ဒီမိုကရေစီဖြင့် အနိုင်ကျင့်ခြင်းမဟုတ်ကြောင်း ပြည် ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

“ဥပဒေရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ spirit of law က အဓိကကျပါတယ်။ Letters of law က စည်းကြပ်နှစ် လို့ပဲ ရေးရေး၊ ၀င်ငွေနှစ်လို့ပဲရေးရေး အဓိပ္ပာယ်ကတော့ ၂၀၁၄- ၁၅ မှာ ၀င်မယ့်ဝင်ငွေအပေါ် မူတည်ပြီး အခွန်စည်းကြပ်မှာဖြစ်တယ်ဆိုတာ အားလုံးနားလည်လက်ခံမယ်ဆိုရင်တော့ ဥပဒေကြမ်း ပူးပေါင်းကော် မတီရဲ့ ပြင်ဆင်ချက်အဆို “ဒါက သာမန်မဲများလို့ ဒီမိုကရေစီအနိုင်ကျင့်တာမဟုတ်ဘူးဆိုတာ ပေါ်လွင် အောင် ရှင်းလင်းဖော်ပြခြင်းဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဦးဝင်းရှိန်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးတို့ စကားအချေအတင်ပြောဆိုအပြီး တွင် သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူ အဆိုပါ ၀င်ငွေခွန်ကောက်ခံရေးအတွက် ၀င်ငွေနှစ်နှင့် စည်းကြပ်နှစ်တို့ သတ်မှတ်ခြင်းအပေါ် အချေအတင်ဖြစ်ကြသည့်အခါ ယမန်နေ့က စက်ခလုတ်နှိပ်၍ ဆန္ဒမဲရယူခဲ့ရာတွင် အဆိုရှင်ဒေါ်တင်နွယ် ဦး ဆုံးရှုံးခဲ့ရခြင်းသည် ဒီမိုကရေစီဖြင့် အနိုင်ကျင့်ခံရခြင်းမဟုတ်ကြောင်းနှင့် အများစုက နားလည်လက်ခံ နိုင်သော အကျိုးအကြောင်းများ လုံလောက်သဖြင့် အများဆန္ဒအရသာ ရှုံးနိမ့်ခြင်းဖြစ်ကြောင်း ၎င်းက ရည်ညွှန်းပြောဆိုခြင်းလည်း ဖြစ်သည်။

အဆိုပါ ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသည့် ပြည်တွင်းအခွန်များဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိ သော ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ပုဒ်မ ၁(ခ)ပါ “၂၀၁၅-၁၆ စည်းကြပ်နှစ်”ဟူသော စာသားအစား “၂၀၁၄-၁၅ စည်းကြပ်နှစ်”ဟု ပြင်ဆင်စေလိုကြောင်း ဒေါ်တင်နွယ်ဦး၏အဆိုမှာ ယမန်နေ့ ပြည်ထောင်စုလွှတ်တော်၌ မဲခွဲခဲ့ရာတွင် ရှုံးနိမ့်ခဲ့သည်။

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၎င်းဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုနိုင်ရန် ထပ်မံဆွေးနွေးကြသည့်အခါ မနေ့က အဆိုရှုံးနိမ့်ခဲ့သော ဒေါ်တင်နွယ်ဦးက “နောက် ကြောင်းပြန်အမိန့်” ဆိုသည့် အဓိပ္ပာယ်မျိုးဖြင့် ၎င်းဝေဖန်ထောက်ပြခဲ့ခြင်းမရှိကြောင်း၊ အမှန်အားဖြင့် ၂၀၁၄-၁၅ ကို စည်းကြပ်နှစ်အဖြစ် သတ်မှတ်နိုင်ခဲ့ပါက ၂၀၁၃-၁၄ ၀င်ငွေများအတွက် အခွန်ငွေများ သိန်းပေါင်းထောင်သောင်းချီပြီး နိုင်ငံတော်က ရမည်ဖြစ်ကြောင်း၊ ယခုမူ ထိုသို့ရနိုင်ခွင့်အား ၂၀၁၄-၁၅ တစ်နှစ်တာလုံး စောင့်နေရမည်ဖြစ်သောကြောင့် ပြန်လည်စဉ်းစားသင့်ပါကြောင်း ၎င်းက အစိုးရအဖွဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့် ထပ်မံရှင်းလင်းပြောဆိုခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က “မနေ့က ရှင်းပြခဲ့ပြီးဖြစ်ပေမယ့် ဒီနေ့ထပ်ပြီး ရှင်းပြပေးပါ့မယ်။ ရသင့်ရ ထိုက်တဲ့အခွန်တွေ အပြည့်အ၀ရရေးကို ကြည့်ရသလို တစ်ဖက်ကလည်း အခွန်ကောက်မှုဆိုင်ရာ လုပ် ငန်းတွေကို ထပ်ဆင့်စဉ်းစားရမှာဖြစ်ပါတယ်။ အခု ၂၀၁၃-၁၄ထဲမှာ ကျင့်သုံးခဲ့တာက လက်ရှိတည်ဆဲ ဥပဒေဖြစ်ပါတယ်။ အဲ့ဒီတည်ဆဲဥပဒေအရ အရင်က အခွန်နှုန်းထားတွေနဲ့ ဆောင်ရွက်ထားတာ ဖြစ်ပါ တယ်။ တကယ်လို့သာ ဒီလို နောက်ကြောင်းပြန်ပြီး ဆောင်ရွက်ရမယ်ဆိုရင် ၂၀၁၃-၁၄ ၀င်ငွေနှစ်မှာ ၀င်ခဲ့တာတွေအားလုံးကို စည်းကြပ်ရမှာ ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၃-၁၄ ၀င်ငွေနှစ်ကို ယခင်ဥပဒေအဟောင်းဖြင့် ၂၀၁၄-၁၅တွင် စည်းကြပ် မည်ဖြစ်ကြောင်း၊ ယခုအတည်ပြုမည့် ဥပဒေကမူ ၂၀၁၄ ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်၍ ၂၀၁၄-၁၅ ၀င်ငွေနှစ်၏ ၀င်ငွေများကို ၎င်းဥပဒေသစ်အရ ၂၀၁၅-၁၆ တွင် စည်းကြပ်ရမည်ဖြစ်ကြောင်း လည်း ၀န်ကြီးက ဖြည့်စွက်ရှင်းပြခဲ့သည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီး၏ ရှင်းပြချက်များတွင် “နောက်ကြောင်းပြန်အမိန့်” ပါဝင်လာခြင်းအပေါ် ဒေါ် တင်နွယ်ဦးက ချေပရှင်းလင်းအပြီးတွင် သူရဦးရွှေမန်းက ထိုသို့ အချေအတင်ပြောဆိုကြသည့်အပေါ် ခြုံ ငုံသုံးသပ်ပြီး ဥပဒေ၏ အနှစ်သာရပိုင်းအရ ရှင်းလင်းဖော်ပြပြီး အရှုံး၊ အနိုင် ကွဲပြားခဲ့ခြင်းသာဖြစ်ကြောင်း၊ ဒီမိုကရေစီဖြင့် အနိုင်ကျင့်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments: