Wednesday, March 19, 2014

ဂျပန်ကုန်တင်ယာဉ်ငယ်များ ဈေးကွက်တွင် အရောင်းအ၀ယ် သွက်လျက်ရှိ

မျိုးသန့်

ဂျပန်နိုင်ငံထုတ် အင်ဂျင်ပါဝါသေးငယ်သည့် ခရီးသည်နှင့် ကုန်တင်ပစ်ကပ်ယာဉ်ငယ်များနှင့် အင်ဂျင်ပါဝါ နိမ့်သည့် မော်ဒယ်နိမ့်ကားများ ဈေးကွက်၌ အရောင်းအ၀ယ်သွက်လျက်ရှိသည်ဟု ကားအရောင်းစင်တာ ပိုင်ရှင်တစ်ဦးက ပြောသည်။

“အင်ဂျင်ပါဝါနိမ့်ကားတွေကို ကျောင်းသုံးနဲ့ပစ္စည်းအသေးလေးတွေ သယ်ပို့ဖို့ ၀ယ်ကြတာများတယ်။ ဆီစားလည်းသက်သာတာကြောင့် ကုန်စုံဆိုင်ဖွင့်သူတွေ ကုန်သယ်ဖို့လည်း ၀ယ်ကြပါတယ်”ဟု ကားအ ရောင်းစင်တာတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ဂျပန်နိုင်ငံထုတ် အင်ဂျင်ပါဝါ ၆၆၀ စီစီအောက် အဲကွန်းပါမော်တော်ယာဉ် တစ်စီးလျှင် ယာဉ်တန်ဖိုး၊ သင်္ဘောတင်စရိတ်၊ စာရွက်စာတမ်းနှင့် အခွန်ငွေ အားလုံးပေါင်း ကျပ်သိန်း ၅၀၊ ၆၀ နီးပါး ရှိနေပြီး ဈေး ကွက်တွင် ကျပ်သိန်း ၇၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက် ရှိသည်။

မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီများက အမြတ်နည်းသော်လည်း ပစ္စည်းရောင်းချရမှုများသဖြင့် အရင်းအနှီးများသော ဇိမ်ခံဆလွန်းကားများထက် ဈေးနှုန်းနည်းသည့် ယင်းကားများကို ပိုမိုဝယ်ယူ တင် သွင်းလာကြခြင်းဖြစ်သည်။

“လက်ရှိ ကားဈေးကွက်ထဲမှာ အင်ဂျင်ပါဝါမြင့်တဲ့ကားတွေ၊ ဇိမ်ခံဆလွန်းကားတွေ အရောင်းအ၀ယ်အေး နေပါတယ်။ အင်ဂျင်ပါဝါနည်းပြီး ဆီစားသက်သာတဲ့ ပစ်ကပ်ကုန်တင်ယာဉ်တွေကတော့ လူကြိုက်လည်း များတယ်။ ၀ယ်သူလည်း များပါတယ်။ အဓိက ဈေးနှုန်းနည်းလို့ အခုလိုဝယ်နေတာပါ”ဟု ကားပွဲစားတစ် ဦးက ပြောသည်။

အင်ဂျင်ပါဝါနိမ့် ၂၀၀၃ မော်ဒယ်နှင့်အောက် ကားများကို လွတ်လပ်စွာ တင်သွင်းနိုင်ပြီး မြန်မာနိုင်ငံဈေး ကွက်သို့ စတင်တင်သွင်းချိန်တွင် မော်တော်ယာဉ်တစ်စီးလျှင် ယန်းငွေတစ်သိန်းကျော်သာရှိခဲ့ရာမှ ယခု အခါ ယန်းငွေသုံးသိန်းကျော် လေးသိန်းဝန်းကျင်အထိ မြင့်တက်လာခဲ့သည်။

No comments: