Tuesday, March 11, 2014

ဂင်းနစ်မှတ်တမ်းဝင် ဆရာဝန်နှင့် စမ်းသပ်သူ တစ်ရက် ၂၀ ဦးရှိ

နန်းမြင့်

မြန်မာနိုင်ငံရှိ ဗစ်တိုးရီးယားဆေးရုံတွင် အိန်္ဒိယနိုင်ငံ Global Hospitals Group မှ ဂရင်းနစ်မှတ်တမ်းဝင် အသည်းအစားထိုး ခွဲစိတ်အထူးဆရာဝန်ကြီး လာရောက်စဉ် စမ်းသပ်စစ်ဆေးသူ တစ်ရက်လျှင် ၂၀ ဦး ခန့်ရှိသည်ဟု ဇာနှင့်ဇာ ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာမျိုးသန့်က မတ်လ ၈ ရက်တွင် ပြော သည်။

အသည်းခွဲစိတ်ဆရာဝန်ကြီး Professor. Mohamed Rela သည် ဇာနှင့်ဇာ ကုမ္ပဏီ (Zar & Zar Co., Ltd.) ၏ ပံ့ပိုးမှုဖြင့် မြန်မာပြည်ရှိ လူနာများကို စမ်းသပ်စစ်ဆေးရန်နှင့် မြန်မာနိုင်ငံ အစာအိမ်၊ အူလမ်း ကြောင်းနှင့် အသည်းအဖွဲ့မှ ကြီးမှူးကျင်းပသော Meeting 2014 သို့ တက်ရောက်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အသည်းအစားထိုးကုသမှုပေါင်း ၁,၆၀၀ ကျော်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော အင်္ဂလန်နိုင်ငံ တော်ဝင်ကောလိပ်(King’s College, England နှင့် အိန်္ဒိယနိုင်ငံ Global Hospitals Group တွင် တာ ၀န်ထမ်းဆောင်နေသော အသည်းအစားထိုးကုသခြင်းအကြောင်းနှင့် ပတ်သက်၍ မတ်လ ၈ ရက် ဆီဒိုး နားဟိုတယ်တွင် သတင်းစာ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Global Hospitals Group သည် အိန်္ဒိယနိုင်ငံတွင် ဆေးရုံ ကိုးရုံ၊ ခုတင်ပေါင်း ၂၀၀၀ ကျော်ဖြင့် အဆင့်မီ အထူးကုစောင့်ရှောက်မှုများနှင့် အစားထိုးခွဲစိတ်မှုမျိုးစုံကို ဆောင်ရွက်ပေးလျက်ရှိသည်။ ချန်နှိုင်းမြို့ရှိ Global Hospitals and Health City သည် အိန်္ဒိယနိုင်ငံရှိ ဆေးရုံများတွင် ကမ္ဘာ့အဆင့်အတန်းမီအရည် အသွေးမြင့် ဆေးရုံအဖြစ် NABH accreditation ဆုကို ရရှိထားသည်။

No comments: