Saturday, March 15, 2014

မြန်မာကိုပေးတဲ့ ဗြိတိန် ထောက်ပံ့မှု တိုးမြှင့်ပေးသင့်ဟုဆို

ABC

မြန်မာနိုင်ငံအပေါ် ​ပေးနေတဲ့ ​ဗြိတိန်နိုင်ငံရဲ့ ​ကူညီထောက်ပံ့မှုတွေကို ​၄၀% ​တိုးမြှင့်သင့်တယ်လို့ ​ဗြိတိန်နိုင်ငံ ​လွှတ်တော်အမတ်တွေက ​ဗြိတိန်အစိုးရကို ​တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​လူ့အခွင့်အရေးနဲ့ ​ပတ်သက်ပြီး ​စိုးရိမ်စရာတွေရှိပေမယ့်လည်း ​အကူအညီတွေ ​တိုးမြှင့်ပေးလိုက်ရင် ​တိုးတက် ​ဖွံ့ဖြိုး ​မှုတွေ ​ဖြစ်လာ ​နိုင်တဲ့အတွက် ​ထောက်ပံ့ ​ကူညီငွေ ​စတာလင်ပေါင် ​သန်း ​၆၀ ​ကနေ ​သန်း ​၁၀၀ ​အထိ ​တိုးပေးဖို့ ​နိုင်ငံတကာ ​ဖွံ့ဖြိုး ​ရေး ​ဆိုင် ​ရာ ​ကော်မတီက ​ပြောလိုက်ပါတယ်။

တချို့ ​သုံးသပ် ​သူတွေ ​ကတော့ ​လူ့အခွင့်အရေး ​တိုးတက်မှု ​မရှိခင်မှာ ​ကူညီ ​ထောက်ပံ့မှု ​တိုးပေးတာဟာ ​မိုက်မဲတဲ့ ​လုပ်ရပ် ​ဖြစ်မယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ​ပြုပြင် ​ပြောင်းလဲမှု ​တွေဟာ ​ကြီးကြီးမားမား ​မဟုတ်သေးပဲ ​စစ်တပ်မှာ ​အာဏာအများကြီး ​ရှိသေးတယ်လို့ ​သုံးသပ်နေကြတာ ​ဖြစ်ပါတယ်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ​ကော်မတီကတော့ ​ဒီလို ​အဆိုးမြင်မှုတွေ ​ဆက်ရှိနေရင် ​မြန်မာနိုင်ငံမှာ ​တိုးတက်မှုတွေ ​ဖြစ်လာမှာ ​မဟုတ်ဘူးလို့ ​ပြောပါတယ်။

ဒါကြောင့် ​မြန်မာနိုင်ငံရဲ့ ​ငြိမ်းချမ်းရေး၊ ​ပညာရေးနဲ့ ​ပါလီမန်ရေးရာလုပ်ငန်းတွေမှာ ​ကူညီထောက်ပံ့မှုတွေ ​ပိုမိုထောက်ပံ့မှုတွေ ​လုပ်ဖို့ ​တိုက်တွန်းလိုက်တာ ​ဖြစ်ကြောင်း ​ဘီဘီစီသတင်းအရ ​သိရပါတယ်။

No comments: