Tuesday, March 11, 2014

ငြိမ်းချမ်းရေးရလိုလျှင် ယုံကြည်နိုင်လောက်သည့်လုပ်ရပ်များ လုပ်ပြရန်လိုဟု ကေအင်န်ယူစစ်ရေးချုပ်ပြော

နီနီမြင့်

မြန်မာအစိုးရ၏ လက်ရှိလုပ်ရပ်များမှာ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်နေသည်ဟု ယုံ ကြည်ရန် ခက်ခဲကြောင်း၊ အမှန်တကယ် စစ်မှန်သည့် ငြိမ်းချမ်းရေးရလိုလျှင် ယုံကြည်နိုင်လောက်သည့် လုပ်ရပ်များ လုပ်ပြရန်လိုအပ်ကြောင်း ဖာပွန်ခရိုင်၊ တပ်မဟာ-၅ မှ စစ်ရေးချုပ် ဗိုလ်မှူးစောကလယ်ဒို့ က ပြောသည်။

“အစိုးရက နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့ ပြောတယ်။ သူတို့အပြောကို ယုံကြည်နိုင်လောက်တဲ့ အချက်အလက်တွေ ပြပေးဖို့လိုအပ်တယ်။ ဥပမာ အပစ်အခတ်ရပ်စဲဖို့ဆွေးနွေးပြီးနောက်ပိုင်းမှာ ကျွန် တော်တို့ဘက်က တောင်းဆိုထားတာ သူတို့ လိုက်လျောပေးတာမရှိဘူး။ တပ်မဟာ-၅ ဧရိယာထဲမှာ သူ တို့စခန်း ၈၀ ကျော်ရှိတယ်။ အဲဒီအထဲက တပ်စခန်း ခုနစ်ခုပဲ ရုပ်ပေးဖို့ တောင်းဆိုတယ်။ လုံးဝ မရုပ်တဲ့ အပြင် တပ်စခန်း တိုးချဲ့လာတယ်။ တပ်တွေကို ခိုင်မာသထက် ခိုင်အောင် ပြုပြင်မှုတွေ လုပ်တယ်။ ဒီလို တွေလုပ်နေတာက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှာလား။ ကျွန်တော့်အထင် သူတို့လည်း ကျွန်တော်တို့ ကို မယုံလို့ ဒီလိုလုပ်တာထင်တယ်”ဟု ဗိုလ်မှူးက ပြောသည်။

၎င်းအနေဖြင့် အေအင်န်ယူနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ရန် လက်မှတ် ထိုးထားခဲ့ခြင်းဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရန် သဘောတူသည့် လက်မှတ်ထိုးခြင်းမဟုတ်သည့်အ တွက် အပစ်အခတ်ရပ်စဲရေးသည် မသေချာသေးကြောင်း နှစ်ဦးနှစ်ဖက် အလျှော့အတင်းလုပ်ပြီး စေတ နာမှန်ဖြင့် ဆွေးနွေးမှသာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်သွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးအရ ဆွေးနွေးတာမျိုးလည်း မရှိသေးဘူး။ အပစ်အခတ်ရပ်စဲရေး သေ သေချာချာဖြစ်လာဖို့အတွက် ပြင်ထားတာကို ဘားအံမှာ၂၀၁၂၊ စက်တင်ဘာ ၃ ရက်မှာ တင်ထားတယ်။ ခုထက်ထိ ဆွေးနွေးတာ၊ လက်ခံအတည်ပြုတာ ဘာမှမရှိသေးဘူး”ဟု ဗိုလ်မှူးစောကလယ်ဒို့က ပြော သည်။

ကေအင်န်ယူအနေဖြင့် အမျိုးသားရေး၊ တန်းတူအခွင့်အရေး၊ ကရင်လူမျိုးများ မိမိကိုယ်ကိုမိမိစီမံအုပ်ချုပ် ပိုင်ခွင့်ရှိရေး၊ စသည့်အချက်များအတွက် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် အခြားလူများကို အုပ် ချုပ်ရန် ဆန္ဒမရှိကြောင်း၊ အခြားလူများက မိမိတို့ကို အုပ်ချုပ်မည်ကိုလည်း မကြိုက်ကြောင်းလည်း ၎င်း ကဆိုသည်။

“အစိုးရကတောင်းဆိုနေတဲ့ ဖွံ့ဖြိုးရေးစီးပွားရေးတို့ပဲ။ ကျွန်တော်တို့ တော်လှန်ရေးစခဲ့တာ စီးပွားရေးမ လုပ်ရလို့၊ ဖွံ့ဖြိုးရေးမလုပ်ရလို့ တော်လှန်ရေးလုပ်ခဲ့တာ မဟုတ်ဘူး။ တန်းတူအခွင့်အရေးရဖို့ မိမိကိုယ် ကိုမိမိ စီမံအုပ်ချုပ်နိုင်ဖို့ပဲ။ ကျွန်တော်တို့ ပန်းတိုင်မပျောက်အောင် သူတို့လုပ်ချင်တဲ့ စီးပွားရေးဖွံ့ဖြိုးရေး တို့ လုပ်ခွင့်မပေးသေးတာဖြစ်တယ်။ နိုင်ငံရေးဆွေးနွေးပြီးလို့ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ နိုင်ငံရေး အတွက် အာမခံချက်တစ်စုံတစ်ရာရှိလာရင် ညှိနှိုင်းပြီး ဘာမဆိုလုပ်နိုင်တဲ့ အနေအထားမှာရှိပါတယ်”ဟု ဗိုလ်မှူးက ဆက်လက်ပြောသည်။

No comments: