Thursday, March 13, 2014

မောင်တောမြို့နယ်တွင် အိမ်ခြေ ၁၀၃ ဆောင် မီးလောင်

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ဘင်္ဂလီ ကျေးရွာ (၂) ခုတွင် ယမန်နေ့ နေ့လယ်က မီးလောင်၍ အိမ်ခြေ ၁၀၃ ဆောင် မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

“ မီးလောင်တာက မနေ့က နေ့လယ် တစ်နာရီခွဲမှာ လောင်တာပါ။ အိမ်ခြေစုစုပေါင်း ၁၀၃ ဆောင်ပါသွားပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးကြီးက ပြောကြားသည်။

မီးလောင်သော ကျေးရွာများမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဆင်သေပြင်ရွာနဲ့ ပေါင်းမြောင်း ဘင်္ဂလီ ကျေးရွာတို့ ဖြစ်ကြသည်ဟုပြောသည်။

“ လောင်တာက ဆင်သေပြင်ရွာနဲ့ ပေါင်းမြောင်းကျေးရွာပါ။ လောင်တာက ပေါ့ဆမီးပါ။ ညနေ ၅ နာရီခွဲကတည်းက ငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။

ဒေသခံများ၏ အဆိုအရ ၎င်းကျေးရွာ နှစ်ခုမှာ ချောင်းတစ်ဘက်တစ်ကမ်းတွင် နီးကပ်တည်ရှိပြီး မီးစများ ကူးစက်ရာမှ နှစ်ရွာစလုံးကို လောင်ကျွမ်းခြင်း ဖြစ်သည်။

မတ်လ ၉ ရက်နေ့ နံနက် မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာတွင် မီးလောင်ရာ အိမ်ခြေ ၁၂ လုံးနှင့် ဗလီ တစ်လုံးတို့ မီးထဲပါသွားသည်။ ၎င်းမီးမှာ ဆူပူလိုသူ ဘင်္ဂလီ တစ်ဦး၏ ရှို့မီး ဖြစ်ကြောင်း အာဏာပိုင်များက ယူဆထားသည်။

No comments: