Monday, March 17, 2014

တံတားနီ အရေးအခင်း အထိမ်းအမှတ်ပွဲ ပြုလုပ်

ABC

မြန်မာနိုင်ငံက ​၈၈ ​ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ​စတင်ခဲ့တဲ့ ​အင်းလျား ​ကန်ဘောင် ​ကျောင်းသား ​ဆန္ဒပြပွဲ ​အကြမ်းဖက် ​ဖြိုခွင်းမှု ​၂၆ပြည့် ​အောက်မေ့ဖွယ်အခမ်းအနားတရပ်ကို ​မနေ့မနက်ပိုင်းက ​ရန်ကုန်မြို့မှာ ​ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ ​သိရပါတယ်။

တံတားနီ ​အရေးအခင်းလို့ ​လူအများသိခဲ့ကြတဲ့ ​အဆိုပါ ​ကျောင်းသား ​ဆန္ဒပြပွဲကြီးဟာ ​စက်မှုတက္ကသိုလ်ကျောင်းသား ​ကိုဖုန်းမော်ရဲ့ ​သေဆုံးမှုကို ​ဖော်ထုတ်ပေးဖို့ ​ချီတက် ​ဆန္ဒပြ ​တောင်းဆို ​ခဲ့ကြတဲ့ ​ကျောင်းသူ ​ကျောင်းသားတွေကို ​အာဏာပိုင်တွေက ​အကြမ်းဖက် ​ဖြိုခွင်း ​ခဲ့ရာကနေ ​ဖြစ်ပေါ်လာတာ ​ဖြစ်ပါတယ်။

အဆိုပါ ​အကြမ်းဖက် ​ဖြိုခွင်းမှု ​အတွင်း ​ကျောင်းသူ ​ကျောင်းသား ​အတော်များများ ​သေဆုံးခဲ့ရကြရတဲ့ ​အတွက် ​အင်းလျား ​ကန်ဘောင် ​တံတားဖြူမှာ ​ဖြစ်ခဲ့တဲ့ ​အရေးအခင်းကို ​တံတားနီ ​အရေး ​အခင်းလို့ ​ခေါ်ဆိုခဲ့ကြတာ ​ဖြစ်ပါတယ်။

မနေ့က ​ကျင်းပပြုလုပ်ခဲ့တဲ့ ​အခမ်းအနားအတွင်း ​တံတားနီ ​အရေးအခင်းမှာ ​ပါဝင်ခဲ့ကြတဲ့လူတွေအပါအ၀င် ​လူပေါင်း ​တစ်ရာကျော် ​တက်ရောက်ခဲ့ကြတယ်လို့ ​သိရပါတယ်။

အခမ်းအနားကို ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်က ​သ၀ဏ်လွှာ ​ပေးပို့ခဲ့သလို ​တံတားနီ ​အရေးအခင်းမှာ ​ပါဝင်ခဲ့ကြတဲ့ ​၈၈ ​ကျောင်းသားများဖြစ်ကြတဲ့ ​ကိုဌေးကြွယ်နဲ့ ​ကိုမင်းဇေယျာတို့ကလည်း ​တက်ရောက်စကားပြောခဲ့ကြတယ်လို့ ​သိရပါတယ်။

No comments: