Monday, March 17, 2014

e-Government ပုံဖော်နိုင်ရန်အတွက် တိုင်းပြည်၏ အိုင်စီတီကဏ္ဍ ယခုထက် ပိုမိုတိုးတက်သင့်ဟု ပညာရှင်များဆို

မောင်မန်း

e-Government လုပ်ငန်းဆောင်တာများ ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းပြည်၏ အိုင်စီတီကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန် အိုင်စီတီကဏ္ဍကို မဖြစ် မနေ အဆင့်မြှင့်တင်သွားရမည်ဟု ACE Data System., Ltd ၏ ဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ် ဦးသိန်းဦးက ပြောသည်။

ဦးသိန်းဦးက မတ် ၁၂ ရက်တွင် ရန်ကုန်မြို့ MICT Park ၌ ကျင်းပခဲ့သည့် Oracle Solution Day Seminar ပွဲ အဖွင့်အမှာစကားတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။ ၎င်းက“တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် စီးပွားရေးစီမံကိန်းတွေ၊ ဘတ်ဂျက်၊ အခွန်စနစ် စတာတွေကို စနစ်တကျလုပ်ရ မယ်။ ဒါတွေလုပ်ဖို့အတွက် Information System ကောင်းကို ကောင်းရမယ်။ မကောင်းရင် ဘယ်တော့မှဖြစ် မလာဘူး။ ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ် နှံသူတွေက သူတို့သိချင်တဲ့ အချက်အလက် တွေကို လွယ်လွယ်ကူကူသိနိုင်ဖို့ အစိုးရက လုပ်ပေးရမယ်။ ဒီလိုမျိုးဖြစ်အောင် အိုင်စီ တီကို မသုံးရင် ဖြစ်လာမှာ မဟုတ်ဘူး” ဟု ဆိုသည်။

e-Government လုပ်ငန်းဆောင်တာများ ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့အစည်းများ၏ နည်းပညာ ပိုင်းနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးရင့်ကျက်မှု၊ လုပ်ဆောင်ရမည့် အစီအစဉ်နှင့် ဘတ်ဂျက်စသည်များကို လက်ရှိ လုပ်ဆောင်နေသည်ထက် ပို၍ မြှင့်တင်လုပ်ဆောင်နိုင်ရန် လိုအပ်သည်ဟု ACE Data System.,Ltd ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုဇော်မိုးသန့်ကလည်း မဇ္ဈိမကို ပြောသည်။

ကိုဇော်မိုးသန့်က “အစိုးရအဖွဲ့တွေအနေနဲ့ နည်းပညာတွေနဲ့ စနစ်ကို နားလည်တဲ့ ၀န်ထမ်းတွေ လိုဦးမ ယ်။ IT Solution က ပြည်တွင်းကရော ပြည်ပကပါ ရှိတယ်။ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ဆိုရင် ဒီစနစ် တွေကို ထိန်းချုပ်မယ့် သူတွေဘက်က နားလည်တတ်သိနေဖို့ လိုပါတယ်။ နောက်တစ်ချက်က ဘက်ဂျက် မရှိဘဲ ဘာမှ လုပ်လို့မရပါဘူး။ Data Center တွေ ဆောက်ဖို့လိုတယ်။ Recovery အတွက်စဉ်းစားဖို့ လို တယ်။ Infrastructure တွေအတွက် ရင်းနှီး မြှုပ်နှံမှုတွေက ဒေါ်လာသန်းပေါင်းများစွာ ရှိပါတယ်။

နောက်တစ်ချက်က Master Plan ပါ။ ဒါကိုလည်း လက်ရှိလုပ်ဆောင်နေတာတွေထက် ပိုပြီးအားစိုက်ဖို့ လိုပါတယ်” ဟု သုံးသပ်သည်။

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ ဆောင်ရွက်ရန်ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက စတင် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် e-Government လုပ်ငန်းများ ပိုမိုလျှင်မြန်စွာ ဖြစ်ထွန်းလာရေးအတွက် အိုင် စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန် ပိုမိုလိုအပ်နေကြောင်း ပညာရှင်များက ထောက်ပြထားသည်။

No comments: