Monday, March 10, 2014

Deedo အချိုရည်နှင့် အိုအီးရှိ အာလူးချောင်းစားရန် မသင့်ဟုဆို

မို့မို့သန္တာ

ပြည်တွင်းတွင် ရောင်းချလျက်ရှိသည့်ီနနိသ အချိုရည်များနှင့် Oishi အာလူး ချောင်းကြော်များမှာ စားသုံး ရန်မသင့်သည့် အစားအစာများဖြစ်သည် ဟု မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မတ်လ ၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ရောင်းချနေသည့် ထိုင်းနိုင်ငံမှ ၀င်ရောက်နေသည့် clear အချိုရည်နှင့် Oishi အာလူးချောင်းကြော်များကို မြန်မာနိုင်ငံ အသေးစားစက် မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ဓာတ်ခွဲခန်း တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စားသုံးသူ များစားသုံးရန်မသင့်သည့် အစားအစာများ အဖြစ် တွေ့ရှိရသည် ဟု ဦးဗအုပ်ခိုင် က ပြောသည်။

ဦးဗအုပ်ခိုင်က Deedo အချိုရည်ဆိုရင် တစ်လီတာမှာ မှိုခြောက်သိန်းကျော် ပါနေတာတွေ့ရတယ်၊ အချို ရည်ဆိုတာ clear ဖြစ်နေရမှာ။ သတ်မှတ်ထားတဲ့ ဆိုဒီယမ်ဘမ်ဆိုနစကလဲ နည်းနည်းများနေတယ်။ OishiuvJ ကလဲ Acid Value မြင့်နေတာတွေ့ရ တယ်။ acid level uunder 4 ပဲ ရှိရမှာ အခုက ၅ ဒသမ ၂၇၉ ဖြစ်နေတယ်။ အဲ့ဒီအတွက် သေချာတာကတော့ စားသုံးဖို့ မသင့်ဘူး” ဟုပြောသည်။

မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာကွယ်ရေးအသင်းအနေဖြင့် ဈေးကွက်အတွင်းရှိ အစားအသောက်များကို စစ်ဆေးမှုများပြုလုပ်ပြီး စားသုံးရန်မသင့်သော စားသောက် ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိပါက သတင်းမီဒီယာများမှတစ်ဆင့် စားသုံးသူများကို အသိပေးသွားမည်ဖြစ်ပြီး စားသောက်ရန် မသင့်သည့် စားသောက်ကုန်များကိုအရေးယူနိုင်သည့် ဌာနဆိုင်ရာများကို လည်းအသိပေး အကြောင်းကြားသွား မည်ဖြစ်သည်ဟု ဦးဗအုပ်ခိုင်ကပြောသည်။

ပြည်တွင်းသို့ ၀င်ရောက်နေသည့် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ နှင့်ပတ်သက်၍ ပုဂ္ဂလိက အဖွဲ့အစည်းများမှ အကြောင်းကြားမှုများ ပြုလုပ်လာပါ နယ်စပ်ဒေသများတွင် တားဆီးပိတ်ပင်ခြင်းများ ပြုလုပ်ပေးလျှက်ရှိပြီး ဈေးကွက်အတွင်း၌ စစ်ဆေးခြင်းများလဲ ပြုလုပ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments: