Monday, March 10, 2014

NCCT အဖွဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံရန်ရှိ

ရွှေဟင်္သာ

တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့များ ၏ တနိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)သည် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များနှင့် မတ်(၉)ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ့ ငြိမ်း ချမ်းရေး စင်တာ ၌ (၂)ရက် တာ တွေ့ဆုံ ဆွေးနွေးကြ လိမ့်မည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင် ခွန် ဥက္ကာမှ ဆိုပါသည်။

“ ကျနော်တို့ ဖက်က ကိုယ်စား လှယ် (၁၂) ဦးပါမယ်။ အစိုးရ ငြိမ်း ချမ်းရေး ကိုယ်စား လှယ်ဖက်က စစ်ဖက်ရေး ရာအ ဖွဲ့ဝင် (၇)ဦးလည်း ပါဝင်ဆွေးနွေး မယ်လို့ သိထား ပါတယ်။ အဓိက ကတော့ ကျနော်တို့ရဲ့ လောခီးလာ မူကြမ်းကို တင်ထား တာရှိတယ်။ အဲဒီ အတွက် ညှိနှိုင်းကြ တာပါ” ဟု ဆိုပါသည်။

ယင်းဆွေးနွေး ပွဲတွင် အစိုးရ ကိုယ်စားလှယ်ဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော် မီ တီ ၀င်များနှင့် အတူ အရေးပါ အရာေ ရာက် သော စစ်ဖက် အကြီး အကဲများ လည်း ပါဝင်ဆွေးနွေး မည်ဟု ဆိုပါသည်။

အလားတူ ယင်း ဆွေးနွေးပွဲ သို့ တက်ရောက်ရန် (NCCT) ကိုယ်စားလှယ် ဖက်များ ဖက်မှ တာဝန်ခံ နိုင်ဟံသာ နှင့် အ တူ ကိုယ်စားလှယ် (၁၂)ဦး တက်ရောက် မည် ဖြစ်သည်၊။ ဤသို့ကြောင့် နိုင်ဟံသာ နှင့် အဖွဲ့သည် ယမာန်နေ့ ညနေ ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။

ထို့အတူ (KNU) ဥက္ကဌ ခေါင်းဆောင်သော အဖွဲ့သည် လည်း ယ မာန်နေ့ ညနေပိုင်းတွင် ဒုတိယ သမ္မတနှင့် တွေ့ဆုံ ခဲ့သလို ကာချုပ် မင်းအောင်လှိုင် နှင့် လည်း တွေ့ဆုံခဲ့ပြီး ဖြစ်ပါသည်။

NCCT သည် ပြီးခဲ့သည့် ဇန္နာဝါရီလ အကုန်ပိုင်း တွင် ဒုတိယ အကြိမ် ညီလာခံ ခေါ်ယူပြီး အစိုးရနှင့် တနိုင်ငံလုံး အပစ် အခတ်ရပ် ရေးစာချုပ် အတွက် ဆွေးနွေး ဆုံးဖြတ်ခဲ့ သည့်အပြင် ယင်း ဆုံးဖြတ်ချက် ကိုလည်း အစိုးရအား တင်ပြထား ခဲ့ပြီး ဖြစ်ပါသည်။ အလားတူပင် အစိုးရ ဖက်မှ လည်း ဆွေးနွေးရာတွင် အထောက် အကူ ဖြစ်ရန်အတွက် ယင်းညီလာခံ သို့ ၄င်းတို့၏ စာချုပ် မူကြမ်းအား ကြိုတင် တင်ပြထားခဲ့ ပြီး ဖြစ်ပါသည်။ ဤကဲ့သို့ အပြန် အလှန် တင်ပြထား ခဲ့ကြ သ ဖြင့် အချောသတ် မူကြမ်းအတွက် နက်ဖြန်တွင် ညှိနှိုင်း ဆွေးနွေးကြ မည်ဖြစ်သည်။

ဤအဆင့်ကို ကျော်လွန်ပြီးမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေး ထိုးပွဲ အခန်းအနားကို နေ ပြည်တော်တွင် ကျင်းပရန် စီစဉ်ထား သည် ဟု မြန် မာ့ငြိမ်း ချမ်းရေး စင်တာ (MPC) အကြီးတန်း အရာရှိကြီး များက ဆိုပါသည်။

အစီစဉ်အရ NCCT အဖွဲ့သည် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များနှင့် တွေ့ဆုံပြီး ရရှိသော အခြေအနေများ အပေါ် မူတည် ပြီး မတ်လ (၁၁) ရက်နှင့် (၁၂) ရက် နေ့တွင် နိုင်ငံခြား သံတမန်များ အပါ ၀င်ပြည်တွင်း နိုင်ငံရေး ပါတီများ နှင့်အ ရပ်ဘက်မှ ခေါင်းဆောင် များအား တွေ့ဆုံဆွေးနွေး သွားရန် အစီစဉ်ရှိ သည် ဟု ခွန်ဥက္ကာ မှ ဆိုပါ သည်။

NCCT အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၆)ဖွဲ့ကို ကိုယ်စားပြု ထားသော အလုပ် အဖွဲ့ဖြစ်ပါ သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ သည် အပစ် အခတ် ရပ်စဲရေး အတွက် ပြည်နယ် အဆင့် အပါ ၀င် ပြည်ထောင် အဆင့် ဆွေးနွေး ပွဲများကျင်း ပပြီး အစိုးရ နှင့် သဘောတူခဲ့ ကြသော အဖွဲ့များ ဖြစ်ပါသည်။ ဤအထဲ တွင် ချို့ယွင်းချက် အနေဖြင့် ကချင်လွတ် လပ်ရေး အဖွဲ့နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး တို့သည် အ စိုးရ၏ ပြည် ထောင်စု အဆင့်နှင့် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေး ခဲ့သော်လည်း သဘောတူ လက်မှတ်ရေး ထိုးခြင်း မရှိခဲ့ သေးပေ။

သို့သော် အစိုးရ နှင့် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြသနာများ ကို ဦးစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားရန် သဘောတူခဲ့ သော အဖွဲ့များ ဖြစ်သည်။ ဤသို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် အစိုးရ၏ တနိုင်ငံ လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် အတွက် လက်မှတ်ရေး ထိုးနိုင်ရန် နိုင်ငံရေး အရ အာ မခံချက် ရှိသော သဘောတူ ချက် များကို ညီလာခံ (၂)ကြိမ် ကျင်းပပြီး ဆုံးဖြတ် ခဲ့ကြသည်။

သမိုင်းတွင်မည့် ပထမအကြိမ် ညီလာခံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ (၂)ရက်နေ့၌ ကချင် လွတ်လပ်ရေး အဖွဲ့ ဌာနချုပ် လိုင်ဇာမြို့တွင် အောင်မြင်စွာ ကျင်းပပြီး၊ ရရှိသော ဆုံးဖြတ်ကို ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် အစိုးရ အဖွဲ့နှင့် ညှိ နှိုင်းခဲ့ပါသည်။ အဆင်မပြေ မှုများကို ကရင်အမျိုးသား အစည်း အရုံး (KNU) ဌာနချုပ် လောခီးလာ တွင် ဒုတိယ အ ကြိမ် ညီလာခံ ခေါ်ပြီး ထပ်မံဆုံးဖြတ် ကြပါသည်။

ဤဆုံးဖြတ်များကို နက်ဖြန်တွင် ကျင်းပရန်ရှိသည့် ဆွေးနွေးပွဲ တွင် မူကြမ်းအရ ထပ်မံညှိနှိုင်း ကြမည်ဖြစ်သည် ။ ရရှိ သည့် တိုးတက်မှု အပေါ် မူတည်ပြီး တရား ၀င် အတည်ပြုရေး ဆွေးနွေးပွဲ ရက်ကို သတ်မှတ်ကာ ကရင်ပြည်နယ် ဖါး အံမြို့၌ အတည်ပြု ကြမည် ဖြစ်ပါသည်။

No comments: