ကျော်စိုးမိုး
လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့ တွင်ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့်တရားစွဲ ဆိုခံထားရသည့် ဦးနေမျိုးဇင် အပါအ၀င် ခြောက် ဦး၏အမှုကိုလာ မည့် မေလ ၁၅ ရက်တွင် အမိန့်ချမည်ဟု ဒဂုံမြို့နယ် တရားသူကြီး ကပြောသည်။
အမှုအတွက်တရားစွဲဆိုခြင်းခံထားရသည့် ဦးနေမျိုးဇင်အပါအ၀င် ခြောက် ဦးတို့ သည် မေ ၅ ရက်က ဒဂုံမြို့နယ် တရားသူကြီးထံသို့ အပြီးသတ်လျှောက်လဲ ချက်ပေးခဲ့ရာ တရားစွဲဆိုခံရသူ ဦးသန်းဆွေက တရားစီရင်ရေးကို အယုံအကြည်မရှိဟုဆိုပြီး လျှောက်လဲချက်မပေးဘဲ နေခဲ့သည်။
ယင်းအပြင် တရားစွဲဆိုရာတွင် ပါဝင်သူ ကိုတင်ထွဋ်ပိုင်ကစာဖြင့်လျှောက်လဲချက်တင်ခဲ့ပြီး ကျန်တရားစွဲဆိုခံထားရသူ လေးဦးက တရားစွဲဆိုထား သည့်ပုဒ်မ များကို မိမိတို့ကျူးလွန်ခဲ့ခြင်းမရှိဟု လျှောက်လဲချက်ပေးခဲ့သည်။
ဦးနေမျိုးဇင်က " ကျွန်တော်တို့ကတောင်သူမကြီး ဒေါ်ခင်ဝင်းသေနတ်မှန်ပြီး သေဆုံးတဲ့ကိစ္စနဲ့ ၀မ်ပေါင်ကုမ္ပဏီထွက်သွားရေး အတွက်ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်ခြင်းဖြစ်ပြီး လက်ရှိတရားစွဲဆိုထားတဲ့ပုဒ်မသုံးခုလုံးနဲ့ ညှိစွန်းခြင်း မရှိတဲ့အတွက်ကြောင့် စွဲချက်ကိုပယ်ဖျက်ပြီး တရားသေလွှတ်ပေးသင့်ပါ တယ်။ " ဟု လျှောက်လဲချက်ပေးရာတွင် ထည့်သွင်းလျှောက်တင်ခဲ့သည်။
တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စန်စန်းဝင်း၊ ဦးသန်းဆွေတို့ကို ဒဂုံမြို့နယ် တရားရုံးက ရုန်းရင်းဆန်ခတ်မှု၊ တာဝန်ထမ်းဆောင်နေသည့်ပြည်သူ့ဝန် ထမ်းကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် နိုင်ငံတော်အကြည်အညိုပျက် စေမှု ဥပဒေပုဒ်မများဖြစ်သည့် ၁၄၇/၃၅၃/၅၀၅(ခ) တို့အပြင် ပုဒ်မ ၁၈ ဖြင့် ပါစွဲချက်တင်ထားခြင်းဖြစ်သည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၉ ရက်က လက်ပံတောင်း အရေးနှင့် ဒေါ်ခင်ဝင်းသေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့မှုအတွက် တရုတ်သံ ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးနေမျိုးဇင်အပါအ၀င် ၇ ဦးကို ဒီဇင် ဘာ ၃၀ ရက်တွင် ဒဂုံမြို့မရဲစခန်းမှအမှုဖွင့် ပြီးတရားရုံးသို့တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၇ ဦးအနက်ဒေါ်မြတ်နုခိုင်ကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ကျန် ၆ ဦး ကို ဒဂုံမြို့နယ်တရားရုံးက ၂၀၁၅၊ မတ် ၁၀ ရက်တွင် ပြစ်မှုပုဒ်မ ၁၄၇/၃၅၃/ ၅၀၅(ခ)/ပုဒ်မ ၁၈များဖြင့်စွဲချက်တင်လိုက်ခြင်းဖြစ်သည်။
No comments:
Post a Comment