Wednesday, November 11, 2009

ဘူးသီးတောင်တွင် စစ်သား အချင်းချင်း ဓါးခုတ်၍ တပ်သား တဦးသေဆုံး

Narinjara News 11/10/2009

ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် လစာထုတ်ငွေအဖြတ်ခံ ရသည့် အတွက် အချင်းချင်းစကားများရာမှ ဓါးနှင့် ခုတ်၍ တပ်သားတဦး လွန်ခဲ့သည့်တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဘူးသီးတောင်ဆေးရုံတွင် သေဆုံးသွားခဲ့သည်။


ယခုကဲ့သို့ဓါးနှင့်ခုတ်သတ်သည် အထိဖြစ်ပွားရခြင်းနှင့်ပတ်သတ်၍ တပ်နှင့်နီးစပ်သူတဦးက ယခုကဲ့သို့ပြောသည်။

“လစာထုတ်ပေးတဲ့အခါ ဒုတပ်ကြပ် တင်အောင်မောင်က ငွေကိုင်ဆိုတော့ တပ်သားစံသိန်း ကျော်ရဲ့ လစာက အကြောင်းပြချက်ဘာမှမရှိဘဲ ငွေဖြတ်ယူထားတာကို သွားပြောတယ်။ နောက်ဆုံး ပြောမရတော့ စံသိန်းမောင်က အထက်လူကြီးတွေကို တိုင်မယ်လို့ ပြောပြီးထွက် လာတယ်။ ဒါကိုမကြေနပ်တဲ့ အတွက် တင်မောင်ကျော်က ဓါးနဲ့ ခုတ်လိုက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

တပ်သား စံသိန်းကျော်မှာ ဒုတပ်ကြပ် တင်အောင်ကျော်နှင့် စကားများပြီး လှိုင်းတန်းရှိ နေအိမ် တွင်ထိုင်နေစဉ် ဒုတပ်ကြပ် တင်အောင်ကျော်က နောက်မှလိုက်လာပြီး ဓါးနှင့်ခုတ်သတ်ခြင်း ဖြစ်သည်။

အခြင်းဖြစ်ပွားသူ နှစ်ဦးလုံးမှာ စကခ ၁၅ ရှိ ဆက်သွယ်ရေးတပ်ဖွဲ့မှ ဖြစ်ပြီး သေဆုံးသွားသူ စံသိန်းကျော်တွင် ဇနီးဖြစ်သူ အေးအေးမွန် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

စံသိန်းကျော် သေဆုံခြင်းနှင့်ပတ်သတ်ပြီး စကခ ၁၅ မှ အထက်သို့ တင်ပြရာတွင် လေ့ကျင့် ခန်းလုပ်ရာတွင် မတော်တဆ သေဆုံးသွားခြင်းဖြစ်ကြောင်း တင်ပြထားသည်ဟု သတင်း တရပ်တွင် ဖော်ပြသည်။

No comments: