သျှမ်းသံတော်ဆင
့်
မူဆယ်မြို့နယ် ဖေါင်းဆိုင် ပြည်သူ့စစ်အဖွဲ့ဝင် မောင်းနှင်သည့် ဖိုးဝီးကား အမျိုးသမီးငယ် ၃ ဦးအား ၀င်တိုက်ခဲ့သည့် ဖြစ်ရပ် ယခုလ ၁၇ ရက်နေ့ ည ၇ နာရီခွဲခန့်က မူစယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေါင်းဆိုင် ပြည်သူ့စစ် အဖွဲ့ဝင် ကိုမိုးကြိုးမောင်းလာသည့် ဖိုးဝီးကားက ကြူကုတ်မြို့နယ်ကာစီနိုလောင်း ကစား ရုံအနီး ဆိုင်ကယ် ကိုယ်စီ မောင်းနှင်လာသည့် အမျိုးသမီးငယ် ၃ ဦးကို ၀င်တိုက်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် အသက် ၂၀ ၀န်းကျင်အရွယ် ဒေသခံ အမျိုးသမီး ၃ ဦး စလုံး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ၂ ယောက်ကို တရုတ်ပြည် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကားဒရိုင်ဘာက မူးနေတယ်။ မူးယစ်ဆေးသုံးထားတာ။ လူ ၃ ယောက်ကို တစ်ခါတည်း တိုက်လိုက်တာ။ တစ်ယောက်က ရွေလီ ဆေးရုံ၊ တစ်ယောက်က မန်စီဆေးရုံ တင်ထားရတယ်။ တစ်ယောက်ကတော့ ခြေထောက်ကျိုးသွားတယ်။ သူတို့စီးလာတဲ့ ဆိုင် ကယ် ၃ စီးစလုံး ပျက်သွားတယ်” လို့ သူက ပြောသည်။
ယခုအခါ တရုတ်ပြည် ရွေလီနှင့် မန်စီဆေးရုံများသို့ ပို့ဆောင်ထားသည့် အမျိုးသမီးနှစ်ယောက်နှင့် ၄င်းတို့၏ မိဘများကို ပြည်သူ့ စစ် အဖွဲ့က အဆက်အသွယ်ဖြတ်တောက်ထားသည်ဟု ဆိုသည်။
“ ဖေါင်းဆိုင်ပြည်သူ့စစ်အဖွဲ့က အဆက်အသွယ်ပေးမလုပ်ဘူး။ ဘယ်သူမှပေးမသိခိုင်းဘူး။ မိဘတွေကိုလဲ အခြေ အနေဘယ် လိုရှိတယ်ဆိုတာ ပြန်မပြောပေးဘူး။ သူတို့မိဘတွေက အရမ်းစိတ်ပူနေတယ် ” ဟု ဆိုသည်။
No comments:
Post a Comment