Tuesday, August 23, 2011

စစ်မြေပြင်မှ ရွာသူရွာသား ၅၀၀ ကျော် တောနက်ထဲ ဝင်ရောက်ပုန်းခို

မွေခေါဝ်

သျှမ်းပြည် တပ်မတော် SSPP/SSA နှင့်မြန်မာ စစ်တပ် တို့ကြား တိုက်ပွဲပြင်းထန် လျက်ရှိသော သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း မှဒေ သခံ ရွာသူ ရွာသား ၅၀၀ ကျော် တောနက် ထဲသို့ ဝင်ရောက်ပုန်း ခိုနေ ကြရကြောင်း သိရှိရ ပါသည်။

“ရွာမှာ တစ်ယောက်မှ မကျန် တော့ဘူး။ မြို့မှာ ဆွေမျိုး ရှိတဲ့သူက မြို့တက် နေတယ်။ မရှိတဲ့ သူတွေက လမ်းနဲ့ ဝေးတဲ့ တော နက်ထဲ ဝင်ပုန်းကုန်ပြီ။ ဗမာစစ်သားတွေက ရွာသားတွေကို ချောဆွဲပြီး လမ်းပြခိုင်းမှာကို ကြောက် ကြလို့ မနေရဲကြတော့ ဘူး” ဟု ကျေးသီး ဒေသခံ တစ်ဦးက ပြောပါသည်။

သြဂတ်စ် ၁၄ - ၁၅ ရက်အတွင်း သျှမ်းတပ်နှင့် မြန်မာ စစ်တပ်တို့ အချိန်ကြာ မြင့်စွာ တိုက်ပွဲ အပြင်း အထန်ဖြစ်ပွား ပြီးနောက် ဟိုပန် အခြေစိုက် ခလရ ၁၄၃ တပ်ရင်းက တစ်ရွာ ၅ ယောက်စီ ရွာသား များအား ချောဆွဲပြီး လမ်းပြ ခိုင်းကြောင်း၊ ထို့ ကြောင့် ရွာသားများ ကြောက်လှန့်ကာ ယခုကဲ့သို့ တောနက် တွင်းသို့ ဝင်ရောက် ပုန်းခိုကြ ကြောင်း သိရှိရ ပါသည်။

တောနက်တွင်းသို့ ဝင်ရောက်ပုန်းခိုကြသည့် ရွာသူရွာသားများမှာ ကျေးသီးမြို့နယ် ဝမ့်စေ့ကျေးရွာအုပ်စုမှ အိမ်ခြေ ၈၀ လူ ၃၁၉ ယောက်ရှိ ဝမ့်ဖာလွမ့်၊ ဝမ့်ဖွေးကျေးရွာအုပ်စုမှ အိမ်ခြေ ၂၅ လူ ၁၀၀ ယောက်ရှိ ဝမ့်ဆန်၊ အိမ်ခြေ ၂၃ လူ ၁၀၆ ယောက်ရှိ ဝမ့်ဟင်လိုင်းနှင့် အိမ်ခြေ ၆ လူ ၃၂ ယောက်ရှိ ဝမ့်နားပိင်းတို့ဖြစ်ကြပြီး သက်ကြီး ရွယ်အို ၅၇ ယောက်၊ လူလတ်ပိုင်း ၃၀၀ ယောက်နှင့် ၁၈ နှစ်အောက် ၂၀၀ ယောက် စုစုပေါင်း ၅၅၇ ယောက် တို့ဖြစ်သည်ဟုဆို၏။

“အစာရေဆာငတ်ပြတ်ပြီး ငှက်ဖျားဖြစ်နေကြတယ်။ အများအားဖြင့် သက်ကြီးရွယ်အိုပိုင်းပေါ့။ ဆေးဝါးလဲမရှိ။ တောထဲက ထွက်လာပြီးလဲ ဆေးကုမယ်ဆိုရင်လဲ ဗမာစစ်သားတွေနဲ့ ဆုံမိမှာစိုးလို့ မထွက်လာရဲကြဘူး” ဟု အဆိုပါကျေးသီးဒေသခံ က ဆက်ပြောပါသည်။

သြဂတ် ၁၆ ရက် ၌လည်း ခလရ ၁၄၃ က ရွာသား အယောက် ၃၀ ခန့် ချောဆွဲပြီး ၎င်းတို့၏ ဒဏ်ရာရ တပ်သားများ အား ထမ်းခိုင်း ခဲ့သည်။ SSA တို့၏ ပစ်ခတ်မှုကို ခံရမည် စိုးသောကြောင့် ကျောင်းသား များအား သျှမ်းတပ် ဂွင်မှ လွှတ်သည် အထိ အကာ အရံပြု ခေါ်ဆောင် သွားခဲ့ သည်ဟု ဒေသခံ တစ်ဦးက ဒီဗွီဘီ သတင်းစဉ်သို့ ပြောခဲ့သည်။

တဖက်၌လည်း အင်အားဖြည့် တင်းရန် ကလော အခြေစိုက် ခြေမြန် တပ်မ ၅၅ က ကျေးသီးမြို့ တောင်ဘက် ၂၇ မိုင် အကွာ မိုင်းနောင်သို့ ယမန်နေ့ ထပ်မံေ ရာက်ရှိ လာကြောင်း၊ မိုင်းနောင်၌ တပ်ရင်း ၅ ရင်း အင်အား ၅၀၀ ခန့် ရောက်ရှိ နေကြောင်း သိရှိရ ပါသည်။

No comments: