Monday, November 28, 2011

အမျိုး​သား​ဒီမိုက​ရေစီပါတီသစ် ဌာနချုပ်တွင် သတင်း​စာရှင်း​လင်း​ပွဲလုပ်

မင်းလွင်

ရန်ကုန်တိုင်း​ သဃင်္န်း​ ကျွန်း​မြို့​နယ် အမျိုး​သား​ဒီမို က​ရေစီ ပါတီသစ် ဌာန ချုပ်မှာ သတင်း​စာ ရှင်း​လင်း ​ပွဲကို ဒီက​နေ့​ ကျင်း​ပ ပါတယ်။

သတင်း​စာ ရှင်း​လင်း​ ပွဲကို ရန်ကုန် အ​ခြေစိုက် သတင်း​ ဌာန များ​က သတင်း​ထောက် ၃၀ ​ကျော် တက်​ရောက် ခဲ့​ပါတယ်။

သဃင်္န်း​ကျွန်း​ ဈေး​ မီး​လောင် ​ခံရပြီး ​တဲ့​နောက်ပိုင်း​ ဆိုင်ခန်း​ အသစ်​ တွေကို ပြန်လည် ချထား​ ပေး​ရမှာ မူလ ဆိုင်ရှင် အ​ဟောင်း​ တွေကို တရား​မမျှ တမှု ရှိ​နေတဲ့​ အတွက် သတင်း​စာ ရှင်း​ပွဲက​နေ အသိ​ပေး​ တာလို့​လည်း​ အမျိုး​သား ​ဒီမို က​ရေစီ ပါတီ သစ်က ရန်ကုန်တိုင်း​ဒေသကြီး​ လွှတ်​တော် ကိုယ်စား​လှယ် ဦး​ကျော်က ​ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်က​တော့​ အခု​ဈေး​သစ်ကြီး​ကို ​နေရာချထား​ပေး​တဲ့​ အခါမှာ မူလလူ​ဟောင်း​တွေကို ကုန်ကိုအ​ကြောင်း​ပြပြီး​တော့​မှ လုပ်ရိုး​လုပ်စဉ် မဟုတ်တဲ့​ ကျ​နော်တို့​ ​အောက်က ကား​ပါကင်ကို ​ဈေး​ခုံလို့​သတ်မှတ်ပြီး​ ​အောက်ကိုချ​ပေး​လိုက်တဲ့​အတွက် သူတို့​လုံး​ဝမ​ကျေနပ်တာ။ သူတို့​က​တော့​ သူတို့​နဲ့​ ပတ်သက်တာ​တွေ ဝယ်ထား​တဲ့​သူ​တွေ ဥပမာ သဃင်္န်း​ကျွန်း​ဈေး​ကြီး​ အ​ဟောင်း​တုန်း​က ဆိုင်ခန်း​ (၇၀) ​လောက်က ပိတ်ထား​တာရှိတယ်။ အဲဒီပိတ်ထား​တာ​တွေကို အမည်အမျိုး​မျိုး​ ခံပြီး​တော့​ အဲဒါ​တွေ အစား​ထိုး​ ဝင်လာတာရှိတယ်။”

သတင်း​စာရှင်း​လင်း​ပွဲအပြီး​မှာ သဃင်္န်း​ကျွန်း​မြို့​နယ် ပြည်သူလွှတ်​တော် ကိုယ်စလှယ် ဦး​သိန်း​ညွှန်နဲ့​ သတင်း​သမား​တွေ သဃင်္န်း​ကျွန်း​ဈေး​ကို သွား​ရောက် ကြည့်​ရှုရာ သတင်း​သမား​တွေ ဓာတ်ပုံရိုက်ယူမှာ ​ဈေး​အာဏာပိုင်နဲ့​ ပြဿနာတက်ခဲ့​တယ်လို့​လည်း​ ဦး​ကျော်က ​ပြောပါတယ်။

“အခုက သတင်း​စာရှင်း​လင်း​ပွဲ ပြီး​တဲ့​အချိန် ကျ​နော်တို့​က ဦး​သိန်း​ညွှန့်​ဦး​ဆောင်ပြီး​တော့​မှ အဲဒီ​နေရာကို သွား​ကြည့်​ဖို့​ သွား​ကြတယ်။ မီဒီယာ​တွေလဲ ပါလာတယ်။ ​ဈေး​အ​နေအထား​ကို ကြည့်​ဖို့​ပါ။ ကျ​နော်တို့​ ဒီက သွား​မယ်ဆိုကတည်း​က ​ဈေး​ကိုပိတ်ထား​လိုက်ပြီ။ အ​သေပိတ်လိုက်တယ်။ ကျ​နော်တို့​ ကြည့်​တဲ့​အခါမှာ လူဝင်​ပေါက် သံဇကာက​နေ လှမ်း​ကြည့်​ရတယ်။ အဲဒါမီဒီယာ သတင်း​သမား​တွေက ဓာတ်ပုံရိုက်တဲ့​အခါ သူတို့​မ​ကျေမနပ်နဲ့​ မချေမငံ​​ပြောတာ​တွေ ရင်ဆိုင်ရတယ်။”

No comments: