Saturday, December 31, 2011

KIA မူဆယ် တိုက်ခိုက်မှုတွင် မြန်မာအစိုးရ စစ်သား ၂ ဦးသေ ၃ ဦးဒဏ်ရာရ

KNG


ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ နယ်တွင် ဒီဇင်ဘာ ၂၉ ရက်၊ ကြာသပတေး နေ့လည် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ တိုက်ခိုက် မှုတွင် မြန်မာ အစိုးရ တပ်သား တဦးနှင့် ရဲတပ် သားတဦး သေဆုံး၍ သုံးဦး ဒဏ်ရာ ရသည်ဟု မျက်မြင် များပြောသည်။

၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုံအနီး နမ်တောင်းကျေးရွာ (Namtau)တွင် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ က ထိုသို့ ချုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု KIA နှင့်နီးစပ်သည့်သတင်းရပ်ကွက်ကဆိုသည်။

သမ္မတဦးသိန်းစိန်က KIA အပေါ်ထိုးစစ်ဆင်ခြင်းမပြုလုပ်ရန် ၎င်း၏တပ်အား ညွှန်ကြားခဲ့ပြီးနောက် လွန်ပြီးခဲ့သည့်ရက်သတ္တပတ်မှ အင်အား ၅၀၀ ရှိ မြန်မာတပ်များ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

လွန်ခဲ့သည့်ရက်များတွင် ထိုတပ်ရင်း ၈ ဒေသ ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတလျှောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွား နေသည် ဟု သိရသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ၇၀% ကျော်လုပ်ဆောင်နေသည့် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုံသို့ ဆက်သွယ်ပေးသည့် မန္တလေး-မူဆယ် လမ်းတစ်လျှောက် ဇွန်လ နှောင်းပိုင်း ကတည်းက တိုက်ပွဲများ ဖြစ်ပွား နေခြင်းဖြစ်သည်။

No comments: