Wednesday, February 22, 2012

ဗန်းမော် - လွယ်ဂျယ် ကားလမ်း လုံခြုံရေး အစိုးရ တပ်များ ငွေတောင်း

သျှမ်းသံတော်ဆင့်

KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများကြောင့် လွန်ခဲ့သည့်နှစ်ကတည်းက ရပ်ဆိုင်းသွားသော တရုတ် - မြန်မာ နယ်စပ်ကုန် သွယ်ရေး လမ်း တစ်ခုဖြစ်သည့် ဗန်းမော် - လွယ်ဂျယ်လမ်း ပြန်ဖွင့်နေသော်လည်း လမ်းလုံခြုံရေးချထားသည့် အစိုးရ တပ်များကို ငွေပေး၍ သွားနေ ရ ကြောင်း ဒေသခံ ကားသမား အသိုင်း အဝိုင်းက ပြောသည်။

အဆိုပါကားလမ်းတစ်လျှောက် အစိုးရတပ် လုံခြုံရေးယူထားသည့် နေရာမှာ မရေတွက်နိုင်အောင်များပြားပြီး ခန့်မှန် ခြေ ယာဉ်ရပ်နား ရ သည့်နေရာ ၅၀ ခန့်တွင် ငွေပေးရကြောင်း ကားသမားတစ်ဦးက ဆိုသည်။

"ဗန်းမော်အထွက် ၆ မိုင်မှာ စုပေါင်းဂိတ်ရှိတယ် ဋ္ဌာနပေါင်းစုံပေါ့ဗျာ အဲဒီကနေစပေးရတယ် လမ်းတစ်လျှောက် တစ် မိုင် ကျော်ကျော် လောက်နေရာတိုင်းမှာ စစ်တပ်ကလုံခြုံရေးအဖွဲ့တွေရှိတယ်၊ အဲဒီရောက်တိုင်း ကားတစ် ခါရပ်ရတယ်၊ ခန့်မှန်း ခြေဆိုရင် ကားရပ် ရတဲ့ နေရာပေါင်း ၅၀ လောက်ရှိမယ် ငွေကတော့ ဗန်းမော်ကနေ လွယ်ဂျယ်လောက် အထိ ဟာ ၅ သောင်းလောက်ပေးရတယ်" - ဟု ဆိုသည်။

ယာဉ်ရပ်နားရသည့် နေရာတိုင်းတွင် ခရီးသည်များလမ်းဆင်းလျှောက်ရကာ မှတ်ပုံတင်နှင့် ပစ္စည်းများ ရှာဖွေစစ်ဆေး မှုရှိကြောင်း ခရီး သွား ရာတွင် နှောင့်နေးကြန့်ကြာမှုများရှိကြောင်း သူက ဆက်ပြောသည်။

အဆိုပါလမ်းခရီးအရှည် မိုင် ၉၀ ခန့်ရှိပြီး လမ်းဘေးတစ်လျှောက်တွင် နှစ်ဘက်တိုက်ပွဲများအတွင်း ပစ်ခတ်ခဲ့သည့် ကျည်ဆံပုံးခွံများ လက်နက်ကြီးကျည်ဆံများနှင့်ရွာပျက်များ တွေ့မြင်ရကြောင်း သိရသည်။

No comments: