အေးနိုင်
၂၀၁၀ သကြင်္န် ဗုံးပေါက် ကွဲမှုနဲ့ ဆက်စပ် ဖမ်းဆီးထားတဲ့ ကိုဖြိုးဝေ အောင်နဲ့ အတူ သူ့ ရှေ့နေ ၂ ဦးကို တရား စီရင်တဲ့ ဝန်ထမ်း တွေကို နှောင့်ယှက် မှုနဲ့ တရား စွဲမယ်လို့ အင်းစိန်ထောင် တွင်း တရား ရုံးမှာ မနေ့က ဆုံးဖြတ် လိုက်ပါ တယ်။
အင်းစိန် ထောင်တွင်း ရုံးထိုင် မြောက်ပိုင်း ခရိုင် တရား သူကြီး ဦးအောင်သိန်း ရဲ့ ရုံးက ကိုဖြိုးဝေ အောင်ရဲ့ ထွက်ဆို ချက်နဲ့ ပတ်သက်လို့ အခု လို ဆုံးဖြတ်ချက် ချခဲ့ တာပါ။
ဒီဆုံး ဖြတ်ချက် အရ တရားခံ ကိုဖြိုးဝေအောင်နဲ့အတူ သူ့ ရှေ့နေ၂ ဦး ဖြစ်တဲ့ တရား လွှတ်တော် ရှေ့နေ ဦးကျော်ဟိုးနဲ့ အထက် တန်းရှေ့နေ ဒေါ်သင်ဇာလှိုင်တို့ အပေါ် တရား စွဲမှာ ဖြစ်ပါ တယ်။
ဒီကိစ္စဖြစ်ပုံက – အမှုစစ်ရဲအရာရှိရဲ့ ထွက်ချက်မှာပါရှိတဲ့ တရားလိုပြ သက်သေတဦးထံက ကြိုတင်ထွက်ချက်ယူထားတယ်ဆိုတဲ့ ထွက် ချက်ဟာ အမှုတွဲထဲမှာ ပျောက်ဆုံးနေတာနဲ့ပတ်သတ်လို့ တရားခံက ပြန်လည် မေးခွန်းထုတ်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ရှေ့နေ ဦးကျော်ဟိုးက “အမှုစစ်ရဲအရာရှိ ရဲအုပ် ထွန်းထွန်းသိန်းက သူ့ရဲ့ထွက်ချက်ထဲမှာ ပါတာကိုး။ တရားလိုပြ သက်သေ ကိုအောင်ကျော်စွာကို ကြိုတင် ထွက်ချက် ယူထားပါတယ်ဆိုပြီး ထွက်ဆိုထားတာ ရှိတယ်လေ။ အဲဒီ ကြိုတင်ထွက်ချက်က အမှုတွဲထဲမှာ မရှိဘူး။ တရားလိုဘက်ကလည်း မတင်ပြဘူး။ အမှုကို ကြီးကြပ်ပြီးတော့ အကြံဉာဏ်ပေးတဲ့ ဥပဒေအရာရှိရော၊ အမှုစစ်ရဲအရာရှိရော၊ သူတို့က ကြိုတင်ထွက်ချက်ကို တမင်တကာ ထိမ်ချန်ထားသလား ဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်တယ် ဆိုပြီး တရားခံရဲ့ ထွက်ချက်မှာ ထွက်ဆိုထားတယ်။ ဒါနဲ့ ပတ်သက်ပြီး ဥပဒေအရာရှိက တရားခံကိုရော၊ တရားခံရဲ့ ရှေ့နေ နှစ်ယောက်ကိုရော ပြစ်မှု ပုဒ်မများ ၂၈ နဲ့ အရေးယူပေးပါလို့ လျှောက်ထားတော့ ကျနော်တို့ဘက်က ကန့်ကွက်တယ်” လို့ ပြောပါတယ်။
တရားခံတဦးအနေနဲ့ ဥပဒေအရ ခုခံချေပလျှောက်ထားခွင့်ရှိတယ်ဆိုတာ ပြန်လည် လျှောက်ခဲ့ပေမယ့် တရားရုံးက အမိန့်ချခဲ့တာလို့ ဦးကျော်ဟိုးက ရှင်းပါတယ်။
“ကျနော်တင်ပြတာက အခြေခံဥပဒေအရ ဆိုရင် တရားခံမှာ ခုခံချေပခွင့် ရှိတယ်။ တရားစွဲဆိုတဲ့အမှုမှာ လိုအပ်ချက်တွေအပေါ်မှာ ထောက်ပြ ခွင့် ထွက်ဆို ခွင့်ရှိတယ်။ ထွက်ဆိုရုံနဲ့ အရေးမယူသင့်ဘူး။ ဒါပေမယ့် တရားရုံးက ကျနော်တို့ တင်ပြတာကို လက်မခံပါဘူး။ ကျနော်တို့ကို တရားစွဲမယ်ဆိုပြီး အမိန့်ချလိုက်ပါတယ်။”
၂၀၁ဝခုနှစ် သကြင်္န်က ကန်တော်ကြီး ကန်ပတ်လမ်းပေါ်က X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး ကိုဖြိုးဝေအောင်အပေါ် အမှုလေးခု။ ပုဒ်မ ခြောက်ခုနဲ့ စွဲချက်တင် စစ်နေတာဖြစ်ပါတယ်။
အဲဒီ ဗုံးပေါက်ကွဲမှုဖြစ်တုန်းက လူကိုးယောက်ကို ဖမ်းပြီး ပုဒ်မအသီးသီးနဲ့ ထောင်ဒဏ်စီရင်ခဲ့ပြီး ရှစ်ဦးက လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက် ကာ ကိုဖြိုးဝေအောင်တယောက်ပဲ ကျန်နေတာလို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီး ဒေါ်ဌေးဌေးက ပြောပါတယ်။
No comments:
Post a Comment