Wednesday, February 22, 2012

ဂေါ်ရခါး လူမျိုးများ မှတ်ပုံတင်ရရန် လာဘ်ငွေသိန်းချီပေးရ

ကို​ထွေး

ကချင် ပြည်နယ် မိုးကောင်း မြို့နယ် ထဲက ဂေါ်ရခါး လူမျိုး တွေ မှတ်ပုံ တင် လုပ်ကြ တဲ့အခါ လာဘ်ငွေ အမြောက် အမြား ပေးနေ ရပြီး ငွေမ ပေးရင် ကြန့်ကြာ တယ်လို့ ကြားဖြတ် ရွေးကောက် ပွဲမှာ အဲဒီမြို့ နယ်က နေ ၀င်ပြိုင်မယ့် အမတ်လောင်း တဦးက ပြောပါတယ်။

ဟိန္ဒူ ဘာသာဝင် ဂေါ်ရခါး လူမျိုးတွေ မှတ်ပုံတင် လုပ်တဲ့ အခါ ဧည့်နိုင် ငံသား၊ နိုင်ငံသား ပြုမှုနဲ့ နိုင်ငံသား ဆိုတဲ့ အဆင့် ၃ ဆင့် လုပ် ကိုင် ဖို့ လာဘ်ငွေ မပေးရင် မှတ်ပုံတင် ရဖို့ မလွယ်ကူ တဲ့အတွက် အခက်တွေ့ နေတယ်လို့ အမျိုးသား ဒီမို ကရေစီ အင်အားစု ပါတီ ကိုယ်စား ပြု ပြိုင် မယ့် အမတ်လောင်း ဦးမြတ် မိုးမြင့်က ပြောပါတယ်။

မှတ်ပုံတင် လုပ်ဖို့ သတ်မှတ် ကုန်ကျ ငွေက ထောင်ဂဏန်း လောက်သာ ရှိပေမယ့်လည်း တကယ် လက်တွေ့မှာ ၁ သိန်းခွဲ၊ ၂ သိန်း နီး ပါး ကုန်ကျ နေတယ်လို့ ဆိုပါ တယ်။

“ကျနော်တို့ကျေးရွာက ဂေါ်ရခါးတွေက ဆင်းရဲသားများတယ်။ တောင်သူလယ်သမားတွေ များတယ်။ နောက်ပြီးတော့ သူတို့က မိသား စုလိုက် နိုင်ငံသားဖြစ်ထားတာတွေ များတယ်။ ဒါပေမယ့် သူတို့မှတ်ပုံတင် လုပ်တဲ့အခါကျတော့ ၁ သိန်းခွဲကနေ ၃ သိန်းထိ ပေးရတယ်လို့ လာတိုင်ကြတယ်။ လ၀က ရုံးကိုသွားမေးတော့ မတောင်းဘူးလို့ပြောတယ်။ တောင်းရင်လည်း ဘယ်သူတောင်းလဲ၊ ဘယ်နေ့ကလဲ၊ ဘယ် လောက်တောင်းတာလဲ မှတ်ပြီးတော့ လာတိုင်ပါ၊ ဖြေရှင်းပေးမယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ ဇန်န၀ါရီလလောက်က လုပ်ထားတဲ့လူ ၁ယောက် နဲ့ တွေ့တယ်။ ပေးရတယ်လို့ပြောတယ်။ နှစ်ဖက်လုံး တိုင်းရင်းသားဖြစ်တယ်။ ဇနီးဘက်ကကော သူ့ဘက်ကပါ နိုင်ငံသား ဖြစ် ထားပြီးသား၊ ၁ သိန်းခွဲ ပေးခဲ့ရတယ်လို့ ပြောပါတယ်။”

ရွာမှာ တချို့သော ဂေါ်ရခါးလူမျိုးတွေဟာ နိုင်ငံသား အဆင့် ရထားပေမယ့်လည်း သားသမီးတွေ မှတ်ပုံတင် သွားရောက် လုပ်ကိုင်ရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဦးမြတ်မိုးမြင့်က ပြောပါတယ်။

လာဘ်ငွေမပေးရင် ကြန့်ကြာအောင် လုပ်ထားတဲ့အတွက် မှတ်ပုံတင်ရရေး မလွယ်ကူသလို ငွေတောင်းတဲ့သူကို တိုင်ရင်လည်း အ ထောက် အထား မရှိတဲ့အတွက် ပြန်လည် တရားစွဲခံရမှာကို ကြောက်လို့ မတိုင်ရဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံရတဲ့ လ၀ကရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

မိုးကောင်းမြို့နယ်အတွင်း ကမ်ဘာလီ၊ အုတ်ကျင်း၊ သစ္စာ၊ သူဌေးကုန်းရွာတွေမှာ ဂေါ်ရခါးလူမျိုးတွေ အများဆုံး နေထိုင်ကြပြီးတော့ အိမ် ထောင်စုဝင် ၁,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

No comments: