Monday, October 22, 2012

ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထုအုံကြွကာ မီးလောင်မှုထိဖြစ်ပွား

မင်းသွီး

အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ(၉)နာရီခန့်တွင် မင်းပြားမြို့နယ် ပိုက်သည်ရွာရှိ ဘင်္ဂ လီများအ ချင်းချင်း အချင်းများကြရာမှ လူထု အုံကြွမှုဖြစ်လာကာ မီးလောင်မှုများအထိ ဖြစ် ပွားခဲ့ရကြောင်း သိရှိရသည်။

ယင်းပိုက်သည်ရွာတွင် ဘင်္ဂလီအချင်းချင်း အချင်းများနေချိန်တွင် ပိုက်သည်ရွာမှ ဖြတ်သန်း သွားသော ရခိုင်တစ်ဦးအား လေးဂွနှင့်လှမ်း ပစ်ရာ နှစ်ဘက်လုံး လူထုအုံကြွမှုဖြစ်လာပြီး ရဲ နှင့်လုံထိန်းများလာရောက် ထိန်းချုပ်ခဲ့ကြရသည်။ ထိုသို့အခြေအနေကိုထိန်းချုပ်နေချိန် မှာ ပင် ဘင်္ဂလီဘက်မှ မိမိအိမ်ကို မိမိ မီးရှို့ထွက်ပြေးသဖြင့် အိမ်ခြေ(၁၈)ဆောင်လောင် ကျွမ်း သွားခဲ့ကြောင်း သိရှိရသည်။

"ဘင်္ဂလီတစ်ဦးက သူပိုင်တဲ့ နွားတင်းကုတ်လာက်ရှိတဲ့ အိမ်ကိုမီးရှို့ပြီးတော့ထွက်ပြေးတယ်။အဲဒီမှာ မီးက ဆက်တိုက်လောင်ပြီးတော့ (၁၈)အိမ်ပါသွားတာ။ သူတို့အိမ်တွေ မီးထဲပါသွားပြီဆိုရင် သူတို့ဒုက္ခသည်အဖြစ်နဲ့ ရိက္ခာရမယ်။ အဲ လို မျိုးကြံစည်တာဖြစ်မယ်။ အခုဦး လေးတို့ နေတဲ့ရွာနားက သရက်အုပ်ရွာဆိုတဲ့ ဘင်္ဂလီရွာကိုလည်း ဦးလေးကိုယ်တိုင် ရောက်ဖူးပါ တယ်။ ည(၇)နာရီခွဲဆိုရင် ရခိုင်တွေက ဘင်္ဂလီရွာကို ၀င်ဖို့ဆိုတာ ဝေလာဝေးပါ။ အခုက သူတို့အချင်းချင်း ကိုယ့်အိမ်ကို မီးရှို့တာဖြစ် တယ်။ ဘ င်္ဂလီ တွေက ရခိုင်တွေဆီမှာ စပါး လည်းမရိတ်ရ၊ ကျောက်လည်းမခွဲရဆိုတော့ စီးပွားရေးက အဆင်မပြေ ဒုက္ခသည်တွေအ ဖြစ်နဲ့ ရိက္ခာ လိုချင်လို့ အခုလိုမျိုးဖန်တီးတာဖြစ် မယ်။"ဟု မင်းပြားလွှတ်တော်အမတ် ဦးဒိုးအောင်ကျော်က ပြောသည်။

ယခုကဲ့သို့ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်ရအောင် ဥပဒေစိုးမိုးရေးနဲ့ တာဝန်ရှိသူတွေဟာ အချိန်မှီ စနစ်တကျ တားဆီးဖြေ ရှင်း ပေး သွားနိုင်ရန် အရေးကြီးကြောင်း ၄င်းက ဆက်ပြောသည်။

ည(၁၁)နာရီခွဲမှ စတင်၍လောင်ကျွမ်းခဲ့သော ရှို့မီးမှာ နံနက်(၄)နာရီခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့သော် လည်း ပိုက်သည်ရွာမှ ပဋိပက္ခသည် သရက် အုပ်ကျေးရွာသို့ကူးစက်ကာ သရက်အုပ်ကျေးရွာမှ ဘင်္ဂလီများကလည်း မိမိအိမ်မိမိ မီးရှို့ရန် ကြိုးစားနေကြသဖြင့် စစ်တပ်နှင့် ရဲများ သွား ရောက် ပြီး အခြေအနေများ ထိန်းချုပ်နေရကြောင်း သိရှိရသည်။

No comments: