Thursday, January 31, 2013

ကချင်တိုက်ပွဲ အမြန်ဆုံးရပ်တန့်နိုင်ရေး သျှမ်း နှင့် ကယား ပူးပေါင်းတောင်းဆို

သျှမ်းသံတော်ဆင့်

အစိုးရမှ အပစ်ရပ်ရေးလုပ်ဆောင်နေသော်လည်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေသည့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အမြန်ဆုံးရပ် တန့်ကာ နိုင်ငံရေးနည်းဖြင့် နိုင်ငံရေးပြဿနာဖြေ ရှင်းကြရန် သျှမ်းပြည်နယ် နှင့်ကယားပြည်နယ်မှ ကိုယ်စားလှယ်များ၏ပူးတွဲထုတ်ပြန်ချက် က ဆိုပါသည်။

“တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ပူးပေါင်းကြိုးစားမှုနဲ့ လွတ်လပ်ရေးရယူခဲ့တာ ၆၅ နှစ်ရှိပြီဖြစ်ပေမယ့် တန်းတူညီမျှမှုနဲ့ တိုင်းရင်း သားရပိုင်ခွင့်များ ကနေ့တိုင် မရရှိသေးပါဘူး။ ဒါ ကြောင့် တိုင်းရင်းသားတွေရပိုင်ခွင့်ဆိုတဲ့အချက် ကို အစိုးရကနေ အလေးအနက်ထားပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ၊ နိုင်ငံရေးပြဿနာကိုနိုင်ငံရေး နည်းလမ်းနဲ့ ဖြေ ရှင်းဖို့ တိုက်တွန်းတောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်းပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီကနေသဘော ထားထုတ် ပြန် ကြေငြာချက်မှာ တိုက်တွန်းတောင်းဆို ထားတာပါ” ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါသည်။

အဆိုပါ ကြေငြာချက်ကို လားရှိုးမြို့ SNLD ရုံးခွဲ၌ကျင်းပသော သျှမ်းပြည်တွင်း ပါတီစုံနှင့် လက်နက်ကိုင်တပ်ဖွဲ့ အချို့ပါဝင် သည့် ဆွေးနွေး ပွဲ အပြီး ဂျန္နဝါရီလ ၂၉ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ် ပါသည်။

အဆိုပါဆွေးနွေးမှုမှာ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အခရာကျသည့် ယုံကြည်မှုတည်ဆောက်ခြင်းကို အဓိကထား ဆွေးနွေးခဲ့ကြ ခြင်းဖြစ်ကြောင်း၊ သျှမ်းပြည်နယ်နှင့်ကယားပြည် နယ် အတွက် ဆွေး နွေးပွဲဖြစ်မြောက်ရေးကော်မတီ ၁၁ ဦး ကိုလည်း ရွေးချယ်နိုင်ခဲ့ ကြောင်းဆိုပါသည်။

“ငြိမ်းချမ်းရေးမရှိရင် နိုင်ငံဟာ မတိုးတက်ဘူး။ အခုအစိုးရကြေငြာနေတဲ့အတိုင်း ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ်ဆိုတာကလဲပြည်တွင်း စစ်ဖြစ်နေသေးသရွေ့ ရှေ့ဆက်လျှောက်လှမ်း နိုင်မှာ မဟုတ်ဘူး။ စစ်ဖြစ်တယ်ဆိုတာကလဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း ခွင့်မရတဲ့အတွက် ကြောင့်ပါဘဲ။ ဆိုတော့ အစိုးရက အပစ်ရပ်ရေး ကြေငြာနေပေမယ့် တပ်မ တော် ပိုင်းက မရပ်ဘဲ ထိုးစစ်ဆက်လက်ဆင်နေ မှုဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်နေတာဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ် ရေးပိုင်း က သမ္မတဦးဆောင်တဲ့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မ တော်ရယ်သုံးဘက် သုံးတန် ညီမျှမှု တူညီမှု ရှိမနေ ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် လွှတ်တော်ပြင်ပမှာရှိတဲ့ ကျနော်တို့ နိုင်ငံရေး ပါတီဝင်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ လူမှုအဖွဲ့အစည်း တွေအားလုံး ကနေ - ၂၀၀၈ အတိုင်းသွားလို့ မရတော့ဘူး။ ပြုပြင်မှရတော့မယ်ဆိုတဲ့ တသံတည်း ထွက်ဆိုကြဖို့အတွက် အခုလို တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုးပမ်းနေရတာဖြစ်ပါတယ်” ဟု စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ဆက်လက်ပြောပြ သည်။

နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်မည့် ငြိမ်းချမ်းရေးအတွက် ယုံ ကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ သျှမ်းပြည် နယ် နှင့် ကယား ပြည်နယ် ညီလာခံအတွက် လားရှိုးမြို့၌ မတ်ခ်ျလပထမပတ် အ တွင်း ကျင်းပမည်ဟု အကြမ်းဖျဉ်းလျာထားကြောင်း စိုင်းလိတ်ကပြောပါသည်။

No comments: