ABC
မိတ္ထီလာမြို့မှာ မနေ့က ပဋိပက္ခဖြစ်ပြီး အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တဲ့အတွက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့သိရပါတယ်။
မိ တ္ထီ လာ မြို့ ဈေးထဲက ရွှေဆိုင် တစ်ဆိုင်မှာ ရွှေထည်ပစ္စည်း တစ်ခု ရောင်းချလိုတဲ့ အမျိုးသား အမျိုးသမီး စုံတွဲတစ်တွဲနဲ့ ဆိုင်ရှင်အကြားမှာ အငြင်းပွားရာကနေ ရိုက်နှက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရာကစပြီး အုပ်စုလိုက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဆိုင်ပိုင်ရှင်က မူဆလင် လူမျိုး ဖြစ်တဲ့အတွက် ပြဿနာတွေ ပိုပြီးကြီးထွားခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မနေ့ကညပိုင်းမှာတော့ ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့တဲ့အတွက် လူစုကွဲသွားပြီဖြစ်တယ်လို့ မိတ္ထီလာမြို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်း ထိန်က အခုလို ပြော ပါတယ်။
အခြေအနေက အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ၊ မီးလောင်တဲ့နေရာတွေ အကုန်မီးသတ်ပြီးပြီ၊ လူစုလည်းမရှိတော့ဘူး၊ ကွဲပြီးပြီ၊ ပုဒ်မ ၁၄၄လည်း ထုတ်ထားပြီးပြီလေ။
လက်ရှိအခြေအနေမှာ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးပြီး လုံခြုံရေးတွေတိုးမြှင့်ချထားလိုက်သလို ပြဿနာတွေဆက်လက်မဖြစ်ပွားအောင်ထိန်း သိမ်းနေတယ်လို့လည်း ပြောပါတယ်။
ရာနဲ့ချီတဲ့ဒေသခံတွေက ရွှေဆိုင်ကို ဝင်ရောက်ဖျက်ဆီးခဲ့ ရုံတင်မကပဲ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ တာနဲ့ ပတ်သက်ပြီး ဒေသခံတဦးက အခုလိုပြောပါတယ်။
အခြေအနေကတော့ မီးရှို့တဲ့အဆင့်ထိဖြစ်သွားပြီ၊ ဆိုင်တွေတို့၊ အိမ်တွေတို့ ဗလီတို့မိးရှို့တယ်၊ ခုတော့ လေးငါးလုံးလောက်တော့ရှိတယ်၊ ည နေပိုင်းကတည်းကစဖြစ်နေတာ ဖြစ်နေတာတော့ အဲဒီဘက်မီးရှို့တဲ့ဥစ္စာ တော့ မီးလောင်တာကတော့ အဲဒီကားဝင်းထိပ်နားမှာ ။
အဲဒီမှုခင်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသား ၅ဦးနဲ့ သံဃာတော်တပါး မိတ္ထီလာပြည်သူ့ဆေးရုံမှာတက်ရောက်ကုသနေရပြီး မန္တ လေးပြည်သူ့ ဆေးရုံကြီး ကို လွဲပြောင်း ကုသသွားဖို့စီစဉ်ခဲ့တဲ့ သံဃာတော်တပါးနဲ့ လူတစ်ဦးကတော့ သေဆုံးသွားခဲ့တဲ့အကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနဲ့ ပူးပေါင်းဆာင်ရွက်နိုင်ရေးအတွက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ည မှာ အရေးပေါ်သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြီး ကိုမင်းကိုနိုင်ဦး ဆောင် တဲ့ ၈၈မျိုးဆက်ကျောင်းသား ၈ဦးဟာ ဒီကနေညပိုင်းမှာပဲ မိတ္ထီလာမြို့ကိုသွားရောက် နေပြီလို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment